ကိုယ်တော်ရှင်၏အစေခံနှင့်ပြုတော်မူခဲ့သော ပဋိညာဉ်တော်ကိုလည်းပယ်ဖျက်တော်မူပါပြီ။ သူ၏သရဖူကိုမြေသို့ချတော်မူပါပြီ။
ရန်သူသည်ကျွန်တော်မျိုးအားလိုက်လံ၍မီပါပြီ။ ကျွန်တော်မျိုးအားလုံးဝအရေးရှုံးနိမ့်စေပါပြီ။ သူသည်ကျွန်တော်မျိုးကိုမှောင်သောအရပ်တွင် ချုပ်နှောင်ထားပြီဖြစ်၍ ကျွန်တော်မျိုးသည်ရှေးလွန်လေပြီးသော အခါက သေလွန်ခဲ့သူကဲ့သို့ဖြစ်ပါ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ရန်သူများထံမှထွက်ပြေးစေတော်မူပါ၏။ သူတို့သည်လည်းကျွန်တော်မျိုးတို့၏ ပစ္စည်းဥစ္စာများကိုအပိုင်သိမ်းယူကြပါ၏။
ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အတိဒုက္ခရောက်စေတော်မူပါပြီ။ ကျွန်တော်မျိုးတို့အားသေသောက်ကူး သူများသဖွယ်ယိမ်းယိုင်စေတော်မူပါပြီ။
သူတို့သည်ကိုယ်တော်ရှင်၏ဗိမာန်တော်ကို မီးရှို့ကြပါ၏။ ကိုယ်တော်ရှင်အားကိုးကွယ်ဝတ်ပြုရာဌာနတော်ကို ဖြိုဖျက်၍ညစ်ညမ်းစေကြပါ၏။
ထို့နောက်``ဘုရားသခင်၌တန်ခိုးမရှိတော့ သဖြင့် ငါ့အတွက်အနာကြည်းဆုံးဖြစ်သည်'' ဟု ငါပြောဆိုနေမိ၏။
ကိုယ်တော်ရှင်သည်သူ၏လှံတံတော်ကို ယူသိမ်းတော်မူ၍ သူ၏ရာဇပလ္လင်တော်ကိုမြေသို့ လဲကျစေတော်မူပါပြီ။
ဘုရားသခင်သည်မြင့်မားသည့်မောဘမြို့ ရိုး၊ ခံတပ်များကိုဖျက်ဆီးကာဖုတ်ထဲသို့ ပြိုကျစေတော်မူလိမ့်မည်။
သင်တို့ဘုရင်များသည်ငါ၏ဗိမာန်တော်ကို ညစ်ညမ်းစေကြ၏။ ထို့ကြောင့်ငါသည်ဣသရေလပြည်ကို ပျက်ပြုန်းစေ၍၊ ငါ၏လူမျိုးတော်အားအသရေ ပျက်စေလေသည်။
ကျွန်တော်မျိုးတို့တွင်ဂုဏ်ယူဝါကြွားစရာ တစ်ခုမျှမကျန်ရှိတော့ပါ။ ကျွန်တော်မျိုးတို့သည်အပြစ်ကူးကြသဖြင့် အမင်္ဂလာရှိကြပါ၏။
သခင်ယေရှုက ``ငါပြုသောအမှုကိုယခု သင်မသိ။ နောင်အခါမှသိရလိမ့်မည်'' ဟု ဖြေကြားတော်မူ၏။