ဆာလံ 89:15Common Language Bibleသီချင်းဆို၍ကိုယ်တော်ရှင်အားကိုးကွယ် ဝတ်ပြုသော၊ ကိုယ်တော်ရှင်၏ကရုဏာတော်အလင်းတွင် ကျင်လည်သောသူတို့သည်အလွန်မင်္ဂလာ ရှိပါသည်တကား။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်၏လူစုတော်သည်ထိုပြည်ကို ဋ္ဌားလက်နက်ဖြင့်သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ မိမိတို့၏ကိုယ်ပိုင်စွမ်းရည်အားဖြင့်လည်း သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော် အားဖြင့်လည်းကောင်း၊ ကိုယ်တော်သည်သူတို့အားချစ်တော်မူသဖြင့် သူတို့နှင့်အတူကိုယ်တော်ရှင်ရှိတော်မူခြင်း အားဖြင့်လည်းကောင်း သူတို့သည်ထိုပြည်ကိုသိမ်းပိုက်နိုင်ကြပါ၏။
ကြည့်လော့၊ သတင်းကောင်းကိုယူဆောင်လာ သူစေတမန်သည်တောင်များကိုကျော်ဖြတ် လျက်နေ၏။ သူသည်အောင်ပွဲခံရသည့်သတင်း ကိုကြေညာရန်လာလျက်ရှိပေသည်။ အို ယုဒ ပြည်သားတို့သင်တို့၏ဋ္ဌမ္မပွဲသဘင်များ ကိုကျင်းပကြလော့။ ထာဝရဘုရားအား သင်တို့ဆက်ကပ်ပေးလှူကြလော့။ သူယုတ် မာများသည်သင်တို့ပြည်သို့နောက်တစ်ဖန် ချင်းနင်းဝင်ရောက်ရကြတော့မည်မဟုတ်။ သူတို့သည်လုံးဝဆုံးပါးပျက်စီးသွား ကြလေကုန်ပြီ။
ထို့အပြင်ပျော်ပွဲရွှင်ပွဲများဖြစ်သောလဆန်း ပွဲများနှင့်အခြားဘာသာရေးပွဲများတွင် မီး ရှို့ရာယဇ်နှင့်မိတ်သဟာယဇ်ကိုပူဇော်သော အခါ သင်တို့သည်တံပိုးခရာများကိုမှုတ် ရမည်။ ထိုအခါငါသည်သင်တို့အားကူညီ ထောက်မတော်မူမည်။ ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်တော် မူသည်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်လူတို့သည်ထိုနှုတ်ကပတ်တရား တော်ကိုကြားနာခွင့်မရကြသလောဟုငါ မေးလို၏။ သူတို့သည်ကြားနာခွင့်ကိုအမှန် ပင်ရကြ၏။ ကျမ်းစာတော်က၊ ``နှုတ်ကပတ်တရားတော်ကိုဟောပြောသူတို့၏ အသံသည်ကမ္ဘာမြေတစ်ဝန်းလုံးတွင်ပျံ့နှံ့သွား၏။ သူတို့၏တရားစကားများသည်ကမ္ဘာအစွန် အဖျား သို့တိုင်အောင်ရောက်ရှိလေပြီ'' ဟုဆိုသည့်အတိုင်းပင်ဖြစ်သည်။-