ဆာလံ 88:4Common Language Bibleကျွန်တော်မျိုးသည်သေအံ့ဆဲဆဲဖြစ်လျက် နေသူတစ်ယောက်ဖြစ်ပါ၏။ အားအင်လည်းကုန်ခန်းပါပြီ။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ ယခုပင်လျှင်ကျွန်တော်မျိုးပန်ကြား လျှောက်ထားချက်ကိုနားညောင်းတော်မူပါ။ ကျွန်တော်မျိုးသည်လုံးဝမျှော်လင့်ရာမဲ့လျက် နေပါပြီ။ ကျွန်တော်မျိုးအားမျက်နှာလွှဲတော်မမူပါနှင့်။ ယင်းသို့ပြုတော်မူပါလျှင်ကျွန်တော်မျိုးသည် မရဏာနိုင်ငံသို့သွားရသူကဲ့သို့ဖြစ်ပါလိမ့်မည်။
ရှေးပဝေသဏီအခါကအသက်ရှင်ခဲ့ ကြသူတို့နှင့်အတူနေထိုင်ရန် သင့်အား မြေအောက်မရဏာနိုင်ငံသို့ပို့ဆောင်မည်။ ငါသည်သင့်အားထိုမြေအောက်လောကရှိ ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေသည့် အရပ်၌မြေတွင်းထဲတွင်နေစေမည်။ သင် သည်ထိုအရပ်မှအဘယ်အခါ၌မျှ အသက်ရှင်သူတို့ရှိရာအရပ်သို့ပြန် လာရလိမ့်မည်မဟုတ်။-
ကိုယ်တော်သည်လက်ဝါးကပ်တိုင်တွင်အသတ်ခံရ စဉ်အခါ၌စွမ်းအားနည်းသည့်အခြေအနေ၌ ရှိတော်မူခဲ့သော်လည်း၊ ယခုအခါဘုရားသခင် ၏တန်ခိုးတော်အားဖြင့်အသက်ရှင်လျက်နေတော် မူလေပြီ။ ငါတို့သည်လည်းကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းရှိသဖြင့်စွမ်းအားနည်းရကြ၏။ သို့ ရာတွင်ငါတို့သည်ဘုရားသခင်၏တန်ခိုးတော် အားဖြင့် ခရစ်တော်နှင့်အတူအသက်ရှင်လျက် သင်တို့နှင့်ဆက်ဆံမည်။