အို ထာဝရဘုရား၊ အဘယ်ကြောင့်ကျွန်တော်မျိုးထံမှမျက်နှာတော်ကို လွှဲတော်မူပါသနည်း။
ကိုယ်တော်သည် မျက်နှာတော်ကိုလွှဲ၍ အဘယ်ကြောင့် အကျွန်ုပ်ကို ရန်သူကဲ့သို့ မှတ်တော်မူသနည်း။
အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးအား အဘယ်ကာလတိုင်အောင်မေ့လျော့၍ နေတော်မူပါမည်နည်း။ ထာဝစဉ်မေ့လျော့၍နေတော်မူမည်လော။ အဘယ်ကာလတိုင်အောင်မျက်နှာတော်ကို လွှဲတော်မူပါမည်နည်း။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားကွယ်ကာ စောင့်ရှောက်တော်မူသောအရှင်ဖြစ်တော်မူပါ၏။ အဘယ်ကြောင့်ကျွန်တော်မျိုးကို စွန့်ပစ်တော်မူပါသနည်း။ ကျွန်တော်မျိုးသည်အဘယ်ကြောင့်ရန်သူများ ၏ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကိုဆက်လက်၍ ခံနေရပါသနည်း။
ကိုယ်တော်ရှင်သည်အဘယ်ကြောင့် ကျွန်တော်မျိုးတို့အားမျက်နှာတော်ကို လွှဲတော်မူပါသနည်း။ ကျွန်တော်မျိုးတို့၏ဝေဒနာနှင့်ဆင်းရဲဒုက္ခများကို မေ့တော်မမူပါနှင့်။
သို့ရာတွင်ယခုအခါ၌ကိုယ်တော်သည် ကျွန်တော်မျိုးတို့အားပစ်ပယ်တော်မူလျက် အရေးရှုံးနိမ့်စေတော်မူပါပြီ။ ကျွန်တော်မျိုးတို့၏စစ်တပ်များနှင့်အတူ ချီတက်တော်မမူတော့ပါ။
ကိုယ်တော်သည်ဒုစရိုက်ကိုနှစ်သက်တော်မူသော ဘုရားမဟုတ်ပါ။ ရှေ့တော်၌ဆိုးယုတ်မှုကိုခွင့်ပြုတော်မမူပါ။
ကိုယ်တော်ရှင်၏အစေခံအားမျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ကျွန်တော်မျိုးသည်အတိဒုက္ခရောက်လျက် ရှိပါ၏။ ကျွန်တော်မျိုး၏ပန်ကြားချက်ကိုယခုပင် နားညောင်းတော်မူပါ။
မွန်းလွဲသုံးနာရီအချိန်၌သခင်ယေရှုသည် ``ဧလိ၊ ဧလိ၊ လာမရှာဗခသာနိ'' ဟုကျယ်သောအသံ နှင့်မိန့်တော်မူ၏။ ဆိုလိုသည့်အနက်ကား ``အကျွန်ုပ် ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ် ကိုစွန့်ပစ်တော်မူပါသနည်း'' ဟူ၏။