Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 87:6

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တို့​ကို​စာ​ရင်း ပြု​စု​တော်​မူ​လိမ့်​မည်။ ယင်း​စာ​ရင်း​တွင်​ပါ​ရှိ​သော​သူ​အ​ပေါင်း တို့​ကို ယေ​ရု​ရှ​လင်​မြို့​သား​များ​အ​ဖြစ်​ဖြင့်​ထည့်​သွင်း ရေး​မှတ်​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အ​နာ​ဂတ်​လူ​မျိုး​ဆက်​တို့​သည်​ကိုယ်​တော်​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ကြ​လိမ့်​မည်။ ယ​ခု​လူ​မျိုး​ဆက်​တို့​သည်​လာ​လတ္တံ့​သော လူ​မျိုး​ဆက်​အား​ဘု​ရား​ရှင်​၏​အ​ကြောင်း တော်​ကို ပြော​ကြား​ကြ​လိမ့်​မည်။

သူ​တို့​၏​နာ​မည်​များ​သည်​အ​သက်​ရှင်​သူ​များ စာ​ရင်း​စာ​စောင်​မှ​ပယ်​ဖျက်​ခြင်း​ခံ​ရ​ပါ​စေ​သော။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​တွင် စာ​ရင်း​မ​ဝင်​သူ​များ​ဖြစ်​ကြ​ပါ​စေ သော။

ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​ခြင်း​ကို​ခံ ရ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​သက်​ရှင်​ကျန်​ရှိ​နေ သူ​မှန်​သ​မျှ​သည် သန့်​ရှင်း​မြင့်​မြတ်​သူ​များ ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင့်​အား​သား​အ​ဖြစ်​လက်​ခံ​၍ ပျော်​မွေ့​ဖွယ်​ကောင်း​သော​ပြည်၊ ကမ္ဘာ​ပေါ်​တွင်​အ​သာ​ယာ​ဆုံး​သော​ပြည်​ကို ပေး​အပ်​ရန်​ငါ​အ​လို​ရှိ​ခဲ့​၏။ သင်​သည်​ငါ့​အား​အ​ဖ​ဟု​ခေါ်​၍​အ​ဘယ်​အ​ခါ ၌​မျှ ငါ့​အား​ကျော​မ​ခိုင်း​ဘဲ​နေ​ရန်၊ငါ​အ​လို​ရှိ​ခဲ့​၏။

ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​တု​များ​ကို​မြင်​၍​မှား ယွင်း​သော​ကြို​တင်​ဟော​ပြော​မှု​ကို​ပြု​ကြ ၏။ အ​သင်​ပ​ရော​ဖက်​တို့​အား​ငါ​ဒဏ်​ခတ် တော်​မူ​အံ့။ သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော် တိုင်​ပင်​စည်း​ဝေး​ရာ​သို့​ဝင်​ရ​လိမ့်​မည်​မ ဟုတ်။ ဣ​သ​ရေ​လ​နိုင်​ငံ​သား​တို့​၏​စာ​ရင်း တွင်​လည်း​သင်​တို့​၏​နာ​မည်​များ​ကို​မ​သွင်း ရ။ သင်​တို့​သည်​မိ​မိ​တို့​ပြည်​သို့​အ​ဘယ် အ​ခါ​၌​မျှ​မ​ပြန်​ရ။ ထို​အ​ခါ​ငါ​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။''

``သင်​သည်​ယေ​ရု​ရှ​လင်​မြို့​တစ်​လျှောက်​လုံး တွင်​လှည့်​လည်​ကာ ယ​ခု​လူ​တို့​ပြု​ကျင့်​လျက် ရှိ​သော​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​ကြောင့် ညည်း​တွား​မြည်​တမ်း​နေ​သူ​မှန်​သ​မျှ​၏ န​ဖူး​တွင် အ​မှတ်​သ​ညာ​ကို​ရေး​မှတ်​လော့'' ဟု​မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​သင်​တို့​သည်​နတ်​မိစ္ဆာ​များ​ကို​နှိမ်​နင်း​နိုင် သည့်​အ​တွက်​ဝမ်း​မ​မြောက်​ကြ​နှင့်။ ကောင်း​ကင်​ဘုံ တွင်​သင်​တို့​၏​နာမည်​များ​စာ​ရင်း​ဝင်​ပြီး​ဖြစ်​သည့် အ​တွက်​သာ​လျှင်​ဝမ်း​မြောက်​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။

ငါ​၏​ရဲ​ဘော်​စစ်​ဖြစ်​သူ၊ သင်​သည်​လည်း ထို အ​မျိုး​သ​မီး​တို့​ကို​ကူ​ညီ​မ​စ​ပါ​လော့။ သူ တို့​သည်​သ​တင်း​ကောင်း​ကြေ​ညာ​ရာ​တွင်​ငါ နှင့်​အ​တူ​အ​ထူး​ကြိုး​စား​အား​ထုတ်​လုပ် ဆောင်​သူ​များ​ဖြစ်​ကြ​၏။ ထို​သို့​လုပ်​ဆောင် ခဲ့​သူ​များ​တွင်​က​လေ​မင်​နှင့်​တ​ကွ ဘု​ရား သ​ခင်​၏​အ​သက်​စာ​စောင်​စာ​ရင်း​တွင်​ပါ ရှိ​သူ အ​ခြား​ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်​များ လည်း​ပါ​ဝင်​၏။

အ​သေ​သတ်​ခြင်း​ခံ​ရ​သည့်​သိုး​သူ​ငယ်​တော် ၏​အ​သက်​စာ​စောင်​တွင် ကမ္ဘာ​လော​က​ကို​ဖန် ဆင်း​တော်​မ​မူ​မီ​က​ပင် စာ​ရင်း​ဝင်​သူ​တို့​မှ တစ်​ပါး​ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည် ထို​သား​ရဲ​အား​ရှိ​ခိုး​ကြ​လိမ့်​မည်။

(ထို​မီး​အိုင်​ကား​ဒု​တိ​ယ​သေ​ခြင်း​တည်း။) အ​သက် စာ​စောင်​တွင်​စာ​ရင်း​မ​ဝင်​သူ​ရှိ​သ​မျှ​တို့​သည် မီး​အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ