Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 87:1

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​မြို့​တော်​ကို သန့်​ရှင်း​မြင့်​မြတ်​သည့်​တောင် ပေါ်​တွင် တည်​ဆောက်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​မင်း​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​မင်း သည် ဗိ​မာန်​တော်​တည်​ဆောက်​ရာ​အ​ရပ်​ကို ပြင်​ဆင်​ထား​ခဲ့​ပြီး​ဖြစ်​သည်။ ထို​အ​ရပ်​မှာ ယေ​ရု​ရှ​လင်​မြို့၊ မော​ရိ​တောင်​ပေါ်၊ ယေ​ဗု​သိ အ​မျိုး​သား​အ​ရော​န​၏​ကောက်​နယ်​တ​လင်း ဖြစ်​သည်။ ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​တည် ဆောက်​မှု​ကို​နန်း​စံ​စတုတ္ထ​နှစ်​ဒု​တိ​ယ​လ ၌​အ​စ​ပြု​သ​တည်း။-

ငါ​သည်​တောင်​ရိုး​များ​သို့​မျှော်​ကြည့်​၏။ အ​ဘယ်​မှ​ကူ​ညီ​မ​စ​မှု​ကို​ငါ​ရ​ပါ​မည်​နည်း။

ယ​ခု​အ​ခါ​ငါ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​အ​တွင်း​ရပ်​လျက်​ရှိ​နေ​ကြ​ပါ​၏။

အို ဘု​ရား​သ​ခင်၊ သ​မင်​ဒ​ရယ်​သည်​အေး​မြ​သော​စမ်း​ရေ​ကို တောင့်​တ​သ​ကဲ့​သို့ ကိုယ်​တော်​ရှင်​ကို​ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။

ကြီး​မား​သည့်​တောင်​ထိပ်​များ​မှ​သင်​သည် အ​ဘယ်​ကြောင့်​ဘု​ရား​သ​ခင်​ကိန်း​ဝပ်​တော် မူ​ရန် ရွေး​ချယ်​ထား​သည့်​တောင်​တော်​ကို​မ​ထီ​လေး​စား စိတ်​ဖြင့်​ကြည့်​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​တောင်​ပေါ်​တွင်​ထာ​ဝ​စဉ် ကိန်း​ဝပ်​တော်​မူ​မည်။

ထို​တောင်​တော်​ပေါ်​တွင်​ကောင်း​ကင်​ဘုံ​ရှိ​အိမ်​တော်​နှင့် တူ​သော​ဗိ​မာန်​တော်​ကို​တည်​ဆောက်​တော်​မူ​၏။ ထို​ဗိ​မာန်​တော်​ကို​ကမ္ဘာ​မြေ​ကြီး​ကဲ့​သို့ ကာ​လ​ခပ်​သိမ်း​တည်​တံ့​ခိုင်​မြဲ​စေ​တော်​မူ​၏။

ဖိ​လိ​တ္တိ​ပြည်​မှ​ရောက်​ရှိ​လာ​သော​သံ​တ​မန် တို့​အား ငါ​တို့​အ​ဘယ်​သို့​ပြန်​ကြား​ရ​ပါ မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့ ကို​တည်​တော်​မူ​ပြီ​ဖြစ်​၍ ထို​မြို့​တွင်​ကိုယ် တော်​၏​ဒုက္ခ​သည်​လူ​စု​သည်​ဘေး​မဲ့​လုံ​ခြုံ မှု​ကို​ရ​ရှိ​ကြ​တော့​မည်​ဖြစ်​ကြောင်း သူ​တို့ အား​ငါ​တို့​ပြော​ကြား​ကြ​ကုန်​အံ့။

ယ​ခု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား``ငါ​သည်​ဇိ​အုန်​တောင် တွင်​တည်​တံ့​ခိုင်​မြဲ​သည့်​အုတ်​မြစ်​ကို​ချ တော်​မူ​မည်။ ငါ​သည်`ခိုင်​မြဲ​စွာ​ယုံ​ကြည်​မျှော် လင့်​တတ်​သူ​သည် သည်း​ခံ​လျက်​စောင့်​ဆိုင်း တတ်​၏' ဟူ​သော​ကမ္ပည်း​စာ​တမ်း​ပါ​ရှိ​သည့် အ​ဖိုး​တန်​ထောင့်​ချုပ်​ကျောက်​ကို​လည်း​ထို အုတ်​မြစ်​တွင်​ထည့်​သွင်း​ထား​ရှိ​မည်။-

``ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် တောင်​သို့​သင်​တို့​အား​ပို့​ဆောင်​မည်။ ငါ့​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​တွင် သင် တို့​သည်​ဝမ်း​မြောက်​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ ငါ​၏​ယဇ်​ပလ္လင်​တွင်​သင်​တို့​တင်​လှူ​ပူ​ဇော် သည့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို ငါ​လက်​ခံ​မည်။ ငါ ၏​ဗိ​မာန်​တော်​ကို​လူ​မျိုး​တ​ကာ​တို့ ဆု​တောင်း ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ်​သ​မုတ် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့ တော်​ယေ​ရု​ရှ​လင်​သို့​ပြန်​လာ​မည်။ ထို​မြို့ တွင်​ကျိန်း​ဝပ်​တော်​မူ​မည်။ ထို​မြို့​သည်​သစ္စာ ရှိ​သော​မြို့​ဟူ​၍​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​သည်​သန့် ရှင်း​မြင့်​မြတ်​သည့်​တောင်​ဟူ​၍​လည်း​ကောင်း နာ​မည်​တွင်​လိမ့်​မည်။-''

ထို့​ကြောင့်​သင်​၏​နာ​မည်​သည်​ကျောက်​ဟု​အ​နက် ရှိ​သော​ပေ​တ​ရု​ဖြစ်​၍​ထို​ကျောက်​တည်း​ဟူ​သော အုတ်​မြစ်​ပေါ်​မှာ​ငါ​၏​အ​သင်း​တော်​ကို​တည်​ဆောက် မည်။ သေ​ခြင်း​တ​ရား​ပင်​လျှင်​ထို​အ​သင်း​တော်​ကို မ​နိုင်​ရ။-

ထို​စဉ်​အ​ခါ​က​ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင် ကိုယ်​တော်​နှင့်​အ​တူ သန့်​ရှင်း​မြင့်​မြတ်​သော တောင်​တော်​ပေါ်​တွင်​ရှိ​၍​မိုး​ကောင်း​ကင်​မှ ထွက်​ပေါ်​လာ​သော​အ​သံ​တော်​ကို​ကြား​ရ ပေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ