Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 86:4

Common Language Bible

အို ဘု​ရား​ရှင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏​ထံ​သို့ ဆု​တောင်း​သည်​ဖြစ်​၍​ကိုယ်​တော်​ရှင့်​အ​စေ ခံ​အား ဝမ်း​မြောက်​စေ​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

နံ​နက်​ချိန်​တိုင်း​၌​ကျွန်​တော်​မျိုး​အား ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို သ​တိ​ရ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။ ကျွန်​တော်​မျိုး​လျှောက်​သင့်​သည့်​လမ်း​ကို ပြ​ညွှန်​တော်​မူ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။

ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကြောင့် ခံ​စား​ရ​ရှိ​သည့်​ဝမ်း​မြောက်​ခြင်း​ကို ကျွန်​တော်​မျိုး​အား​ပေး​သ​နား​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​အ​မိန့်​တော်​ကို​နာ​ခံ​တတ်​စေ တော်​မူ​ပါ။

အ​ချင်း​လူ​တို့​ဘု​ရား​သ​ခင်​အား​အ​စဉ် အ​မြဲ ကိုး​စား​ကြ​လော့။ သင်​တို့​၏​ဒုက္ခ​အ​ပေါင်း​ကို​ကိုယ်​တော်​အား ဖော်​ပြ​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ​၏။

ဇိ​အုန်​မြို့​တွင်​ပူ​ဆွေး​ဝမ်း​နည်း​နေ​သူ​တို့​အား ပူ​ဆွေး​ခြင်း​အ​စား ဝမ်း​မြောက်​ခြင်း​ကို​လည်း​ကောင်း၊ ဝမ်း​နည်း​ခြင်း​အ​စား​ထော​မ​နာ​သီ​ချင်း ကို​လည်း​ကောင်း ပေး​ရန်​ကိုယ်​တော်​သည်​ငါ့​အား​စေ​လွှတ်​တော်​မူ​ပြီ။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ထင်​ရှား​စေ​ရန် ကိုယ်​တော်​တိုင်​စိုက်​တော်​မူ​သော​ဖြောင့်​မတ်​ခြင်း တည်း​ဟူ​သော ဝက်​သစ်​ချ​ပင်​များ​သ​ဖွယ်​စို​ပြေ​ဖွံ့​ဖြိုး​ကြ​လိမ့်​မည်။

ငါ​ဖန်​ဆင်း​တော်​မူ​သည့်​အ​မှု​၌​ထာ​ဝ​စဉ် အား​ရ​ဝမ်း​မြောက်​ကြ​လော့။ ငါ​ဖန်​ဆင်း​တော် မူ​သည့်​ယေ​ရု​ရှ​လင်​မြို့​သစ်​သည်​နှစ်​ထောင်း အား​ရ​ဖွယ်​ကောင်း​၍၊ ထို​မြို့​မှ​လူ​တို့​သည် လည်း​ဝမ်း​မြောက်​ရွှင်​လန်း​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ