ကျွန်တော်မျိုးအပေါ်၌ကိုယ်တော်ရှင် ထားတော်မူသောခိုင်မြဲသောမေတ္တာတော်သည် ကြီးမားလှပါသည်တကား။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားမရဏာ နိုင်ငံမှ ကယ်နုတ်တော်မူပါပြီ။
သူ၏အသက်ကို သင်္ချိုင်းတွင်းမှကွယ်ကာ၍၊ ထားဘေးဖြင့် မသေစေခြင်းငှါ စောင့်မတော်မူ၏။
အသက်ဝိညာဉ်သည် သင်္ချိုင်းတွင်းနားသို့၎င်း၊ ဖျက်ဆီးသော တမန်လက်သို့၎င်း ရောက်လုပြီ။
ဘုရားသခင်က၊ သင်္ချိုင်းတွင်းထဲသို့ထိုသူကို မဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာအကြောင်းကို ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူသောအားဖြင့်၊
သင်္ချိုင်းတွင်းထဲသို့ ငါ့ကိုမဆင်းစေဘဲ ကယ်တင် တော်မူသဖြင့်၊ ငါ့အသက်သည် မှောင်မိုက်နှင့် လွတ် လျက်ရှိ၏ဟု လူတို့တွင် သီချင်းဆိုရလိမ့်မည်။
ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် မိုးကောင်းကင်အထက်သို့လည်းကောင်း၊ ကိုယ်တော်ရှင်၏သစ္စာတော်သည်ကောင်းကင် တိုင်အောင်လည်းကောင်းရောက်ရှိပါ၏။
ထာဝရဘုရားသည်ငါ့အသက်ကို သေဘေးမှလည်းကောင်း၊ ငါ့မျက်စိကိုမျက်ရည်ကျခြင်းမှလည်း ကောင်း၊ ငါ၏ခြေကိုချော်လဲခြင်းမှလည်းကောင်း ကယ်တော်မူပြီ။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားမရဏာနိုင်ငံသို့လားရန် အခွင့်ပေးတော်မူမည်မဟုတ်သောကြောင့်တည်း။ ကျွန်တော်မျိုးသည်အမှုတော်ကိုသစ္စာရှိစွာ ထမ်းခဲ့ပါ၏။ ကွန်တော်မျိုးအားသေမင်း၏လက်သို့ အပ်တော်မူမည်မဟုတ်ပါ။
ကျွန်တော်မျိုးအားသေရွာမှပြန်၍ ခေါ်ဆောင်တော်မူခဲ့ပါ၏။ ကျွန်တော်မျိုးသည်သင်္ချိုင်းတွင်းသို့ဆင်းလျက် ရှိခဲ့သော်လည်း ကိုယ်တော်သည်ကျွန်တော်မျိုးအားမသေစေဘဲ အသက်ချမ်းသာပေးတော်မူပါ၏။
ကိုယ်တော်အားသစ္စာစောင့်သူတို့၊ထာဝရ ဘုရားအား ထောမနာသီချင်းဆိုကြလော့။ သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်ပြု တော်မူသော အမှုတော်ကိုအောက်မေ့သတိရလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားသေဘေးမှကယ်ဆယ်တော်မူ၍ အရေးရှုံးနိမ့်စေတော်မမူခဲ့သောကြောင့်ဖြစ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးသည် အသက်ရှင်သူတို့၏အလင်းထဲမှာ ဘုရားသခင်၏ရှေ့တော်၌သွားလာပါ၏။
ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် မိုးကောင်းကင်သို့တိုင်အောင်လည်းကောင်း၊ ကိုယ်တော်ရှင်၏သစ္စာတော်သည်အာကာသသို့ တိုင်အောင်လည်းကောင်းရောက်ပါ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား အမှောင်ဆုံး၊ အနက်ဆုံးသောတွင်းတည်းဟူသောနက်ရှိုင်းရာ သင်္ချိုင်းတွင်းထဲသို့ပစ်ချတော်မူပါပြီ။
ကျွန်တော်မျိုး၏ပူပင်သောကသည်စိတ်ငြိမ်း အေးမှု အဖြစ်သို့ပြောင်းလဲသွားပါလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ အသက်ကိုဘေးအန္တရာယ်အပေါင်းမှ ကယ်ဆယ်တော်မူပါ၏။ ကျွန်တော်မျိုး၏အပြစ်မှန်သမျှကိုလည်း ဖြေလွှတ်တော်မူပါ၏။
ဤသို့သူ့အားထာဝရဘုရားသည်အံ့သြဖွယ် ကောင်းအောင်ကျေးဇူးပြုတော်မူကြောင်းကြားကြ သောအခါ အိမ်နီးချင်းတို့နှင့်ဆွေမျိုးသားချင်း တို့သည်သူနှင့်အတူရွှင်လန်းဝမ်းမြောက်ကြ၏။