ဆာလံ 86:10Common Language Bibleကိုယ်တော်သည်တန်ခိုးကြီးတော်မူ၍ အံ့သြဖွယ်အမှုတို့ကိုပြုတော်မူပါ၏။ ကိုယ်တော်သာလျှင်ဘုရားဖြစ်တော်မူပါ၏။ အခန်းကိုကြည့်ပါ။ |
အို ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာ ဝရဘုရား၊ ယခုပင်ကျွန်တော်မျိုးတို့အား အာရှုရိအမျိုးသားတို့၏လက်မှကယ်တော် မူပါ။ သို့မှသာလျှင်ကိုယ်တော်ရှင်တစ်ပါး တည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူကြောင်း ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သိရှိကြပါ လိမ့်မည်'' ဟုဆုတောင်းပတ္ထနာပြုတော်မူ၏။
တစ်ချိန်တည်းမှာပင်ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများနှင့် ထူးဆန်းသောတန်ခိုးအမျိုးမျိုးတို့ကို ပြတော်မူခြင်းအားဖြင့်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်သည်မိမိအလိုတော် အတိုင်း ဆုကျေးဇူးများကိုဝေငှတော်မူ ခြင်းအားဖြင့်လည်းကောင်းထပ်လောင်း သက်သေပြတော်မူ၏။