Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 85:11

Common Language Bible

လူ​တို့​သစ္စာ​စောင့်​မှု​သည်​ကမ္ဘာ​လော​က​မှ ပေါ်​ထွက်​လာ​၍ ဘု​ရား​သ​ခင်​၏​တ​ရား​မျှ​တ​မှု​သည် ကောင်း​ကင်​ဘုံ​မှ​ငုံ့​ကြည့်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

တိုင်း​ပြည်​တွင်​သာ​ယာ​ဝ​ပြော​၍​တ​ရား မျှ​တ​မှု စိုး​မိုး​ခြင်း​ရှိ​ပါ​စေ​သော။

ထာ​ဝ​ရ​ဘု​ရား​သည်​ပြည်​တော်​တွင်​သစ်​ပင် ကြီး​ငယ်​အ​ပေါင်း​ကို ထွား​ကြိုင်း​သန်​မာ​စို​ပြေ စေ​တော်​မူ​မည့်​အ​ချိန်​ကျ​ရောက်​လာ​တော့​မည်။ မ​သေ​ဘဲ​ကျန်​ရှိ​နေ​သေး​သော​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ပြည်​တော်​ထွက် သီး​နှံ​များ​အ​တွက်​ဂုဏ်​ယူ​ဝမ်း​မြောက်​ကြ လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​ကယ်​တင်​ရန်​စိတ်​စော လျက်​နေ​သည့် ဘု​ရား​သ​ခင်​ဖြစ်​၍၊ ကိုယ်​တော်​သည်​မိ​မိ​၏​တ​ရား​တော်​ကို ရို​သေ​လေး​စား​ကြ​ရန်​အ​လို​ရှိ​တော်​မူ​၏။

ငါ​သည်​အောင်​ပွဲ​ကို​မိုး​ရေ​သ​ဖွယ် ကောင်း​ကင်​မှ​ချ​ပေး​မည်။ ယင်း​ကို​ကမ္ဘာ​မြေ​ကြီး​သည်​ဖွင့်​ဟ​ခံ​ယူ​ကာ လွတ်​လပ်​မှု​နှင့်​တ​ရား​မျှ​တ​မှု​တည်း​ဟူ သော အ​သီး​အ​ပွင့်​များ​ကို​ဆောင်​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​အ​မှု​အ​ရာ များ​ကို ဖြစ်​ပျက်​စေ​တော်​မူ​ပေ​အံ့။''

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​အား သွေ့​ခြောက်​သည့်​မြေ​တွင်​အ​မြစ်​စွဲ​သည့် အ​ပင်​ငယ်​ကဲ့​သို့​ရှင်​သန်​စေ​ရန်​အ​လို​တော် ရှိ​ပါ​၏။ ထို​သူ​၌​ပ​မာ​ဏ​ပြု​လောက်​သည့်​ဂုဏ်​အ​သ​ရေ​နှင့် အ​ဆင်း​သဏ္ဌာန်​လည်း​မ​ရှိ။ ချစ်​ခင်​နှစ်​လို​ဖွယ်​ကောင်း​သည့်​ရုပ်​ရည်​လည်း​မ​ရှိ။ မိ​မိ​ဘက်​သို့​ပါ​အောင်​ဆွဲ​ဆောင်​နိုင်​စွမ်း​လည်း​မ​ရှိ။

ဤ​သို့​ပေ​တ​ရု​လျှောက်​ထား​စဉ်​ပင်​တောက်​ပ​သော မိုး​တိမ်​တိုက်​တစ်​ခု​၏​အ​ရိပ်​သည်​သူ​တို့​အ​ပေါ် သို့​ကျ​လာ​၏။ မိုး​တိမ်​တိုက်​ထဲ​မှ ``ဤ​သူ​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ​ငါ​၏​ချစ်​သား​ပေ​တည်း။ သူ့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏။ သူ​၏​စ​ကား​ကို နား​ထောင်​ကြ​လော့'' ဟု​အ​သံ​တော်​ထွက်​ပေါ် လာ​၏။

ထို​နောက် ``ဤ​သူ​ကား​ငါ​၏​ချစ်​သား​ဖြစ်​၏။ သူ့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏'' ဟု​ကောင်း​ကင်​မှ အ​သံ​တော်​ပေါ်​ထွက်​လာ​၏။

``ကောင်း​ကင်​ဘ​ဝဂ်​ဝယ်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ ကမ္ဘာ​ပေါ်​တွင်​ကိုယ်​တော်​နှစ်​သက်​တော်​မူ​သော လူ​အ​ပေါင်း​တို့​၌​ငြိမ်း​ချမ်း​သာ​ယာ​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မြွက်​ဆို​ကြ၏။

သ​ခင်​ယေ​ရှု​က ``ငါ​သည်​ခ​ရီး​လမ်း​ဖြစ်​၏။ သမ္မာ​တ​ရား​လည်း​ဖြစ်​၏။ အ​သက်​လည်း​ဖြစ်​၏။ ငါ့​ကို​အ​မှီ​မ​ပြု​ဘဲ​အ​ဘယ်​သူ​မျှ​ခ​မည်း တော်​ထံ​သို့​မ​ရောက်​နိုင်။-

ခ​ရစ်​တော်​သည်​အ​ပြစ်​ကင်း​တော်​မူ​သော အ​ရှင်​ဖြစ်​သည်။ သို့​ရာ​တွင်​ငါ​တို့​သည်​ခ​ရစ် တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဘု​ရား သ​ခင်​ကဲ့​သို့​ကောင်း​မြတ်​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​အား​ငါ​တို့​အ​တွက် ကြောင့်​ငါ​တို့​ကဲ့​သို့​အ​ပြစ်​ရှိ​သူ​ဖြစ်​စေ တော်​မူ​၏။

ကိုယ်​တော်​ချစ်​မြတ်​နိုး​တော်​မူ​သော​သား​တော် အား​ဖြင့် ငါ​တို့​အား​အ​ခ​မဲ့​ပေး​သ​နား​တော် မူ​သည့်​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ကျေး​ဇူး တော်​အ​တွက် ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား ထော​မ​နာ​ပြု​ကြ​ကုန်​အံ့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ