ဆာလံ 84:3Common Language Bibleကျွန်တော်မျိုး၏ဘုရင်၊ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူသောအနန္တတန်ခိုးရှင်ထာဝရဘုရား၊ စာငှက်များနှင့်ဇရက်များပင်လျှင်မိမိတို့၏ အသိုက်အအုံများကို ကိုယ်တော်ရှင်၏ယဇ်ပလ္လင်အနီးတွင်ဆောက် လုပ်၍ သားငယ်များကိုထားကြပါ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည်မိမိ၏အမိန့်တော်ကို အသင် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရန် ငါ့ကိုစေခိုင်းတော်မူ၏။ သင်တို့သည်ဗိမာန် တော်ခိုင်ခံ့မှုကိုဂုဏ်ယူဝါကြွားကြ၏။ ဗိမာန် တော်ကိုကြည့်ရှုလိုကြ၏။ ဗိမာန်တော်သို့ သွားရောက်လိုကြ၏။ သို့ရာတွင်ထာဝရ ဘုရားသည်ထိုဗိမာန်တော်ကိုညစ်ညမ်းစေ တော်မူလိမ့်မည်။ ယေရုရှလင်မြို့တွင်ကျန် ရစ်ခဲ့သောသင်တို့၏အိမ်ထောင်စုသားလူ ငယ်များသည်လည်းစစ်ပွဲတွင်ကျဆုံးကြ လိမ့်မည်။-
``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်တော် မူသောစေတမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မကြီးသည်ကြက်ကလေးများကိုမိမိ ၏အတောင်အောက်တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင့်ကိုယုယပိုက်ထွေးနိုင်ရန်ကြိမ် ဖန်များစွာကြိုးစားခဲ့လေပြီ။ သို့ရာတွင်သင် သည်ငါ့ကိုအခွင့်မပေးခဲ့။-