သင်တို့သည်ဘုရားများဖြစ်ကြောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရား၏ သားများ ဖြစ်ကြောင်းကိုငါဖော်ပြခဲ့၏။
ဘုရားသခင်သည်ကောင်းကင်တွင်ကျင်းပ သည့် ကောင်စီအစည်းအဝေး၌နေရာယူတော်မူ၏။ ကိုယ်တော်သည်ဘုရားတို့၏အစည်းဝေး၌ စီရင်ဆုံးဖြတ်တော်မူသည်မှာ
``သင်တို့သည်ဘုရားသခင်ကိုပြစ်မှားပြော ဆိုခြင်းမပြုရ။ သင်တို့၏လူမျိုးခေါင်းဆောင် ကိုမကျိန်ဆဲရ။
``သိုး၊ နွား၊ မြည်း၊ အဝတ်အစရှိသောပျောက် ဆုံးသည့်ပစ္စည်းကိုပိုင်ဆိုင်မှုနှင့်ပတ်သက်၍ လူနှစ်ဦးအငြင်းပွားခဲ့သည်ရှိသော်၊ ထိုသူ နှစ်ဦးတို့အားထာဝရဘုရားရှေ့တော်၌ အစစ်ခံ၍၊ တရားရှုံးသူကနှစ်ဆလျော် ရမည်။