Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 81:7

Common Language Bible

သင်​တို့​သည်​ဒုက္ခ​ရောက်​စဉ်​အ​ခါ​၌ ငါ့​ကို​အော်​ဟစ်​သော​အ​ခါ ငါ​သည်​သင်​တို့​အား​ကယ်​ခဲ့​၏။ မိုး​သက်​မုန်​တိုင်း​အ​တွင်း​မ​မြင်​နိုင်​သော​အ​ရပ် မှ​နေ​၍ သင်​တို့​အား​ငါ​ဖြေ​ကြား​ခဲ့​၏။ မေ​ရိ​ဘ​စမ်း​ရေ​အ​နီး​တွင်​သင်​တို့​အား​ငါ သွေး​စမ်း​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ဒုက္ခ​ရောက်​ချိန်​၌​ငါ့​အား​ပတ္ထ​နာ​ပြု​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကယ်​မည်။ သင်​တို့​သည်​လည်း​ငါ့​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အီ​ဂျစ်​ဘု​ရင်​၏​စစ်​တပ်​ချီ​တက်​လာ​သည်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မြင်​ရ​သော​အ​ခါ အ​လွန်​ကြောက်​ရွံ့​၍​ထာ​ဝ​ရ​ဘု​ရား​အား ကယ်​မ​တော်​မူ​ရန်​အော်​ဟစ်​တောင်း​ပန်​ကြ​၏။-

နံ​နက်​အ​ရုဏ်​မ​တက်​မီ​အ​ချိန်​တွင် ထာ​ဝ​ရ ဘု​ရား​သည်​မီး​တိုင်​နှင့်​မိုး​တိမ်​တိုင်​တို့​မှ​နေ ၍ အီ​ဂျစ်​စစ်​တပ်​ကို​ကြည့်​ရှု​တော်​မူ​ပြီး လျှင်​သူ​တို့​ကို​ဖ​ရို​ဖ​ရဲ​ဖြစ်​စေ​တော်​မူ​၏။-

တံ​ပိုး​မှုတ်​သံ​သည်​လည်း​ပို​၍​ကျယ်​လာ​၏။ မော​ရှေ​လျှောက်​ဆို​သည့်​အ​ခါ ဘု​ရား​သခင် သည်​မိုး​ကြိုး​သံ​ဖြင့်​ဖြေ​ကြား​တော်​မူ​၏။-

ကာ​လ​အ​တန်​ကြာ​သော် အီ​ဂျစ်​ပြည်​ဘု​ရင် အ​နိစ္စ​ရောက်​လေ​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ကျွန်​ခံ​ရ​သော​ဒဏ်​ကြောင့် ညည်း​ညူ​လျက်​ရှိ​ရ​ကြ​သေး​၏။ ကျွန်​ခံ​ရ သော​ဘ​ဝ​မှ​လွတ်​မြောက်​ရေး​အ​တွက် သူ​တို့ အော်​ဟစ်​တောင်း​လျှောက်​သော​အ​သံ​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ရောက်​လေ​၏။-

ထို့​ကြောင့်​သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား`ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​ထံ​၌​ကျွန်​ခံ​ရ​သည့်​ဘ​ဝ​မှ သင်​တို့​အား​ငါ​လွတ်​မြောက်​စေ​မည်။ ငါ​၏ မ​ဟာ​လက်​ရုံး​တော်​ကို​ဆန့်​၍ ကြောက်​မက် ဖွယ်​သော​ဒဏ်​စီ​ရင်​ခြင်း​ဖြင့်​သင်​တို့​ကို ကယ်​တင်​မည်။-

ထာ​ဝ​ရ​ဘု​ရား​က``အ​ဘယ်​သူ​မျှ​ငါ့​အား ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​သူ၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​အ​ဖြစ်​ဖြင့်​တိုင်​တည်​ကျိန်​ဆို မှု​မ​ပြု​ကြ​တော့​မည့်​အ​ချိန်​ကျ​ရောက်​လာ လိမ့်​မည်။-

မေ​ရိ​ဘ​အ​ရပ်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ထာ​ဝ​ရ​ဘု​ရား​အား​ညည်း​တွား​သော၊ ထာ​ဝ​ရ ဘုရား​က​မိ​မိ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​ကို​ပြ​သော​အ​ရပ်​ဖြစ်​သ​တည်း။

``အာ​ရုန်​သည်​အ​နိစ္စ​ရောက်​လိမ့်​မည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​က​တိ ထား​သော​ပြည်​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​သည် မေ​ရိ​ဘ​အ​ရပ်​တွင် ငါ​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ခဲ့​သော​ကြောင့်​ဖြစ်​သည်။-

လေ​ဝိ​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ​သည်။ ``အို ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​၏​အ​လို​တော်​ကို ကိုယ်​တော်​အား​သစ္စာ​စောင့်​သော​အ​စေ​ခံ လေ​ဝိ​အ​နွယ်​ဝင်​တို့​မှ​တစ်​ဆင့် သု​မိမ်​နှင့်​ဥ​ရိမ် အား​ဖြင့်​ဖော်​ပြ​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​မ​ဿာ​အ​ရပ်​တွင်​သူ​တို့​၌ သစ္စာ​ရှိ​သည်​မ​ရှိ​သည်​ကို​စစ်​ဆေး​၍ မေ​ရိ​ဘ​စမ်း​၌​သူ​တို့​သစ္စာ​ရှိ​သည်​ကို သိ​မြင်​တော်​မူ​ပါ​သည်။

``ထာ​ဝ​ရ​ဘု​ရား​က၊`ငါ​သည်​သင်​တို့​ကို ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။'




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ