Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 81:5

Common Language Bible

ကိုယ်​တော်​သည်​အီ​ဂျစ်​ပြည်​ကို​တိုက်​ခိုက်​တော် မူ​စဉ်​က ယင်း​အ​မိန့်​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပေး​တော်​မူ​၏။ မ​သိ​မ​ကျွမ်း​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​၏​သား​မြေး​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည် နိုင်​ငံ​ရပ်​ခြား​အီ​ဂျစ်​ပြည်​မှ​ထွက်​သွား​ကြ သော​အ​ခါ၊

ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​တည်း​ဟူ​သော ယာ​ကုပ်​နှင့်​ယော​သပ်​တို့​၏​အ​မျိုး​အ​နွယ်​များ​ကို တန်​ခိုး​တော်​အား​ဖြင့်​ကယ်​တော်​မူ​ပါ​၏။

ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ၊နောက်​လူ​မျိုး​ဆက် သည် ပ​ညတ်​တော်​တို့​ကို​သိ​ရှိ​နား​လည်​လျက် မိ​မိ​တို့​၏​သား​မြေး​တို့​အား​တစ်​ဆင့်​ပြန်​၍ သွန်​သင်​ပေး​နိုင်​ကြ​စေ​ရန်​ဖြစ်​၏။

ထို​နောက်​မော​ရှေ​က​ဘု​ရင်​အား``ထာ​ဝ​ရ ဘု​ရား​က `သန်း​ခေါင်​ယံ​အ​ချိန်​တွင် ငါ​သည် အီ​ဂျစ်​ပြည်​သား​တို့​ထံ​သို့​ကြွ​လာ​၍၊-

``ထို​နေ့​ည​တွင်​ငါ​သည် အီ​ဂျစ်​ပြည်​ကို​ဖြတ် သန်း​ကြွ​သွား​၍ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​သား​ဦး ရှိ​သ​မျှ​တို့​ကို​သေ​ဒဏ်​ခတ်​၍ အီ​ဂျစ်​ပြည် ရှိ​ဘု​ရား​အ​ပေါင်း​တို့​ကို​ဒဏ်​စီ​ရင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။-

သင်​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ် ပြည်​သား​တို့​အား​သုတ်​သင်​ဖျက်​ဆီး​သော အ​ခါ အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​အိမ်​များ​ကို​ကျော်​၍ ငါ​တို့​အား အ​သက်​ချမ်း​သာ​စေ​ခဲ့​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​အား​ပ​သ​ခါ​ယဇ်​ကို​ပူ​ဇော်​ခြင်း ဖြစ်​သည်' ဟု​ဖြေ​ကြား​ရ​မည်'' ဟု​ညွှန် ကြား​လေ​၏။ ထို​အ​ခါ​ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည် ဦး​ညွှတ်​၍​ထာ​ဝ​ရ​ဘု​ရား​အား​ရှိ​ခိုး ကြ​၏။-

သန်း​ခေါင်​အ​ချိန်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​ဘု​ရင်​၏​နန်း​လျာ​သား​ဦး​မှ​စ​၍ ထောင်​တွင်း​ရှိ အ​ကျဉ်း​သ​မား​သား​ဦး​တိုင် အောင်​အီ​ဂျစ်​ပြည်​ရှိ​သား​ဦး​မှန်​သ​မျှ​ကို လည်း​ကောင်း၊ တိ​ရစ္ဆာန်​တို့​၏​သား​ဦး​ဟူ​သ​မျှ ကို​လည်း​ကောင်း​သေ​ဒဏ်​စီ​ရင်​တော်​မူ​၏။-

အ​ကယ်​၍​သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား မ​ထောင်​ကြ​ပါ​မူ​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​အား​ကျောင်း​မှန်း​ကန်​မှန်း​သိ​အောင်​ထူး ဆန်း​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သူ လူ မျိုး​ခြား​တို့​ကို​အ​သုံး​ပြု​တော်​မူ​လိမ့်​မည်။-

ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့​အား​တိုက်​ခိုက်​စေ​ရန် ဝေး​လံ​ရပ်​ခြား​မှ​လူ​မျိုး​စု​တစ်​စု​ကို​ခေါ်​ဆောင်​ခဲ့​လိမ့်​မည်။ သူ​တို့​သည်​အင်​အား​ကြီး​၍​အ​လွန်​ရှေး​ကျ​သော​လူ​မျိုး၊ သင်​တို့​မ​သိ​နား​မ​လည်​သော​ဘာ​သာ​စ​ကား​ကို​ပြော​ဆို​သော​လူ​မျိုး​ဖြစ်​၏။-

ငါ​နှင့်​သင်​တို့​ဖွဲ့​ထား​သည့်​ပ​ဋိ​ညာဉ်​၏​အ​မှတ် လက္ခ​ဏာ​ဖြစ်​စေ​ရန်​နှင့် ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​ကို​လည်း သင်​တို့​အား​သ​တိ​ရ​စေ​ရန် ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​စေ​ကြ​လော့' ဟု​ငါ သ​တိ​ပေး​၏။

စ​ပျစ်​ရည်​ကို​ဖ​လား​လိုက်​သောက်​၍​အ​ကောင်း ဆုံး​ဆီ​မွှေး​ကို​လိမ်း​ကာ​ဖြင့်​နေ​ကြ​၏။ ဣ​သ ရေ​လ​နိုင်​ငံ​ယို​ယွင်း​နေ​ခြင်း​ကို​မူ​မ​ကြေ ကွဲ​ဘဲ​နေ​ရက်​ကြ​ပြီ​တ​ကား။-

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​တိုက်​ခိုက် စေ​ရန် သင်​တို့​နှင့်​ဘာ​သာ​စ​ကား​ချင်း​မ​တူ သော​ကမ္ဘာ​တစ်​စွန်း​မှ လူ​မျိုး​တစ်​မျိုး​ကို​ခေါ် ဆောင်​ခဲ့​တော်​မူ​လိမ့်​မည်။ ထို​သူ​တို့​သည် လင်း​ယုန်​ထိုး​သုတ်​သ​ကဲ့​သို့ သင်​တို့​ကို တိုက်​ခိုက်​လိမ့်​မည်။-

သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး နောက် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ဗက်​ပေ​ဂု​ရ​မြို့ တစ်​ဘက်​တွင်​ရှိ​သော​ချိုင့်​ဝှမ်း​၌​ရောက်​ရှိ​နေ ကြ​စဉ်​မော​ရှေ​သည် ပညတ်​တော်​များ​ကို​ပြ​ဋ္ဌာန်း ပေး​သည်။ ထို​အ​ရပ်​သည်​ဟေ​ရှ​ဘုန်​မြို့​တွင် စိုး​စံ​သော​အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန်​၏​ပိုင်​နက် ဖြစ်​ခဲ့​သည်။ မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး သည့်​နောက်​ထို​ဘု​ရင်​ကို​နှိမ်​နင်း​၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ