Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 81:12

Common Language Bible

သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​အား​ခေါင်း​မာ​မြဲ​မာ စေ​ရန်​နှင့် သူ​တို့​အ​လို​အ​တိုင်း​ပြု​ကျင့်​စေ​ရန်​အ​ခွင့်​ပေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​လည်း``လူ​သည်​သေ​မျိုး​ဖြစ် ၏။ အ​မြဲ​အ​သက်​ရှင်​နေ​ခွင့်​ကို​ငါ​မ​ပေး။ ယ​ခု မှ​စ​၍​လူ​၏​သက်​တမ်း​သည်​အ​နှစ်​တစ်​ရာ့​နှစ် ဆယ်​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​၏။-

ရှ​မာ​ရိ​မြို့​ကျ​ဆုံး​ရ​ခြင်း​မှာ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​တော်​ကို​နား​မ​ထောင်​ဘဲ ကိုယ် တော်​ပြု​တော်​မူ​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​ချိုး ဖောက်​ကာ ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ ပေး​အပ်​ခဲ့​သည့်​ပ​ညတ်​တော်​တို့​ကို​မ​စောင့် ထိန်း​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​စ​ကား တော်​ကို​နား​မ​ထောင်​အ​မိန့်​တော်​ကို​လည်း မ​လိုက်​နာ​ကြ။

သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​သည် မာန်​မာ​န​ထောင်​လွှား​ကာ ခေါင်း​မာ​လာ​ပြီး​လျှင်​ကိုယ်​တော်​၏​အ​မိန့်​တော် တို့​ကို မ​လိုက်​နာ​ကြ​ပါ။

သင်၏သားသမီးတို့သည် ဘုရားသခင်ကို ပြစ်မှားသောကြောင့်၊ ပြစ်မှားစဉ်တွင်၊ သူတို့ကိုသုတ်သင် ပယ်ရှင်းတော်မူသော်လည်း၊

ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ငါ​သည် အီ​ဂျစ်​ပြည်​တွင်​အံ့​ဖွယ်​သော​အ​မှု​များ​ကို များ​ပြား​စွာ​ပြ​နိုင်​ရန် ဘု​ရင်​သည်​သင်​၏ စ​ကား​ကို​နား​မ​ထောင်​ဘဲ​နေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ခဲ့​၏။-

ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​ကို​အ​စိုး​ရ သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​တို့​သည်​ငါ့​ကို​မုန်း​သော​ကြောင့် ဖြစ်​၏။ သူ​တို့​သည်​ငါ​၏​အ​လို​တော်​နှင့်​ဆန့် ကျင်​သည့်​အ​ကြံ​အ​စည်​များ​ကို​ပြု​၍ ငါ​၏ ခွင့်​ပြု​ချက်​မ​ရ​ဘဲ​မ​ဟာ​မိတ်​စာ​ချုပ်​များ ကို​ချုပ်​ဆို​ကာ၊ အ​ပြစ်​တစ်​ခု​အ​ပေါ်​တွင် တစ်​ခု​ထပ်​ဆင့်​၍​ကူး​လွန်​ကြ​၏။-

သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​အ​မြဲ​တ​စေ ပုန်​ကန်​လျက်၊ အ​မြဲ​တ​စေ​လိမ်​လည်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​ကို​နာ​ယူ ရန်​အ​မြဲ​တ​စေ​ငြင်း​ဆန်​လျက်​နေ​ကြ​၏။-

အ​ဘယ်​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား၊ တိုက်​ခိုက်​လု​ယက်​သူ​တို့​လက်​သို့​အပ်​နှံ​ပါ သ​နည်း။ ထို​သူ​ကား​ငါ​တို့​ပြစ်​မှား​ကြ​သည့်​ထာ​ဝ​ရ ဘု​ရား​ပင် ဖြစ်​ပါ​သည်​တ​ကား။ ငါ​တို့​သည်​ကိုယ်​တော်​အ​လို​ရှိ​တော်​မူ​သ​ကဲ့​သို့ မ​နေ​မ​ထိုင်​ကြ။ ကိုယ်​တော်​ပေး​တော်​မူ​သည့်​သြ​ဝါ​ဒ​တော်​တို့​ကို​လည်း မ​လိုက်​လျှောက်​ကြ။

ယ​ခု​သင်​တို့​အား​ငါ​ပြန်​လည်​ပြော​ကြား ပြီး​လေ​ပြီ။ သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား စေ​လွှတ်​၍​ပြော​ကြား​စေ​သ​မျှ​သော​အ​မိန့် တော်​တို့​ကို​ဖီ​ဆန်​ခဲ့​ကြ​၏။-

သို့​ရာ​တွင်​သူ​တို့​သည်​ငါ​၏​စ​ကား​ကို​နား မ​ထောင်၊ အ​လေး​ဂ​ရု​လည်း​မ​ပြု​ကြ။ သူ​တို့ သည်​မိ​မိ​တို့​၏​ခိုင်​မာ​ဆိုး​ညစ်​သည့်​စိတ်​နှ လုံး​မှ​ပေါ်​ထွက်​လာ​သည့်​အ​ကြံ​အ​စည်​များ အ​တိုင်း​ပြု​မူ​ကြ​ကုန်​သည်။ သူ​တို့​သည်​ပို​မို ကောင်း​မွန်​လာ​မည့်​အ​စား​ဆိုး​ယုတ်​၍​လာ ကြ​၏။-

သူ​တို့​သည်​ငါ့​အား​အာ​ခံ​ကာ​ငါ​၏​စ​ကား ကို​နား​မ​ထောင်​ဘဲ​နေ​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​မြတ်​နိုး​သည့်​စက်​ဆုပ်​ဖွယ်​ကောင်း​သော​ရုပ် တု​များ​နှင့် အီ​ဂျစ်​ဘု​ရား​များ​ကို​မ​စွန့်​ကြ။ ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​တွင်​ငါ​၏ အ​မျက်​ဒေါ​သ​ကို​သူ​တို့​အ​ပေါ်​သို့​သွန်း လောင်း​၍ အ​မျက်​တော်​ဒဏ်​ကို​အ​ပြည့် အ​ဝ​ခံ​ကြ​စေ​ရန်​အ​ကြံ​ရှိ​ခဲ့​၏။-

သူ​တို့​သည်​ငါ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် ၏​စ​ကား​ကို​နား​မ​ထောင်​သော​ကြောင့် ကိုယ် တော်​သည်​သူ​တို့​ကို​ပစ်​ပယ်​တော်​မူ​မည်။ သူ တို့​သည်​အ​ခြား​နိုင်​ငံ​များ​တွင်​လှည့်​လည် နေ​ထိုင်​ရ​လိမ့်​မည်။

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ငါ ၏​ပ​ညတ်​များ​ကို​မ​စောင့်​ထိန်း​လျှင်​အ​ပြစ် ဒဏ်​ခံ​ရ​ကြ​မည်။-

လွန်​ခဲ့​သော​ခေတ်​ကာ​လ​များ​က​ကိုယ်​တော် သည်​လူ​မျိုး​တ​ကာ​တို့​အား မိ​မိ​တို့​အ​လို ဆန္ဒ​ရှိ​သည်​အ​တိုင်း​ပြု​ကျင့်​ခွင့်​ကို​ပေး​တော် မူ​ခဲ့​၏။-

သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ​တို့​ထံ​မှ မျက်​နှာ​လွှဲ​တော်​မူ​၍ ကြယ်​နက္ခတ်​များ​ကို ကိုး​ကွယ်​ကြ​စေ​ရန်​သူ​တို့​ကို​စွန့်​ပစ်​ထား တော်​မူ​၏။ ပ​ရော​ဖက်​ကျမ်း​များ​တွင်​ဖော် ပြ​သည်​မှာ ``အို ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့၊သင်​တို့​သည် တော​ကန္တာရ​တွင်၊အ​နှစ်​လေး​ဆယ်​ပတ်​လုံး ယဇ်​ကောင်​များ​ကို​ပူ​ဇော်​ဆက်​သ​ကြ​၏။ သို့​ဆက်​သ​သည်​မှာ​ငါ့​အား​ဆက်​သ​ခြင်း မ​ဟုတ်။

ထို​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​သည်​ထို​သူ တို့​အား မိ​မိ​တို့​၏​ကိ​လေ​သာ​စိတ်​ဆွဲ​ဆောင်​ရာ သို့​လိုက်​ပါ​စေ​ရန်​လည်း​ကောင်း၊ အ​ချင်း​ချင်း အား​ကိုယ်​ခန္ဓာ​အ​သ​ရေ​ပျက်​စေ​ရန်​လည်း ကောင်း​စွန့်​ပစ်​၍​ထား​တော်​မူ​၏။-

လူ​တို့​သည်​ရှ​မွေ​လ​ပြော​ကြား​သည်​ကို​ပ​မာ ဏ​မ​ပြု​ဘဲ``ထို​သို့​မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​တို့ သည်​အ​ခြား​တိုင်း​ပြည်​များ​မှာ​ကဲ့​သို့​မိ​မိ တို့​အား​အုပ်​စိုး​၍ မိ​မိ​တို့​၏​စစ်​ပွဲ​များ​တွင် ရှေ့​ဆောင်​တိုက်​ခိုက်​ရန်​ဘု​ရင်​ကို​လို​ချင်​ပါ သည်'' ဟု​လျှောက်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ