Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 80:8

Common Language Bible

ကိုယ်​တော်​ရှင်​သည်​အီ​ဂျစ်​ပြည်​မှ​စ​ပျစ်​ပင်​ကို ယူ​ဆောင်​တော်​မူ​ခဲ့​၍ အ​ခြား​အ​မျိုး​သား​တို့​ကို​နှင်​ထုတ်​တော်​မူ ပြီး​လျှင် သူ​တို့​၏​ပြည်​တွင်​ထို​စ​ပျစ်​ပင်​ကို​စိုက်​ပျိုး တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။ ကျွန်​တော်​မျိုး​အား​အ​ရှက်​ကွဲ​စေ​တော်​မ​မူ ပါ​နှင့်။ သူ​ယုတ်​မာ​တို့​သည်​အ​ရှက်​ကွဲ​ရ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​မ​ရ​ဏာ​နိုင်​ငံ​တွင်​ဆိတ်​ဆိတ် နေ​ရ​ကြ​ပါ​စေ​သော။

ကိုယ်​တော်​ရှင်​ကိုယ်​တိုင်​အ​ခြား​လူ​မျိုး​တို့​အား နှင်​ထုတ်​တော်​မူ​၍ ကိုယ်​တော်​၏​လူ​စု​တော်​အား​ထို​သူ​တို့​၏​ပြည်​တွင် နေ​ရာ​ချ​ထား​တော်​မူ​ကြောင်း၊ လူ​မျိုး​ခြား​တို့​အား​အ​ပြစ်​ဒဏ်​ပေး​တော်​မူ​၍ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​ကြီး​ပွား တိုး​တက်​စေ​တော်​မူ​ကြောင်း​ကို​ပြော​ပြ​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​တိ​ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​အား​သေ​သောက်​ကူး သူ​များ​သ​ဖွယ်​ယိမ်း​ယိုင်​စေ​တော်​မူ​ပါ​ပြီ။

မိ​မိ​၏​လူ​စု​တော်​ရှေ့​သို့​ချီ​တက်​လာ​ကြ​သော​အ​ခါ ချဉ်း​နင်း​ဝင်​ရောက်​မည့်​ပြည်​၌​နေ​ထိုင်​ကြ​သူ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။ ဣသ​ရေ​လ​အ​နွယ်​တို့​အား​ထို​ပြည်​ကို​ခွဲ​ဝေ သတ်​မှတ် ပေး​တော်​မူ​ပြီး​လျှင် ထို​အ​ရပ်​အ​သီး​သီး​တွင်​အ​တည်​တ​ကျ နေ​ထိုင်​စေ​တော်​မူ​၏။

လူ​မျိုး​ခြား​ဘု​ရင်​အ​များ​ပင်​ငါ​၏ စ​ပျစ် ဥ​ယျာဉ်​ကို​ဖျက်​ဆီး​ပစ်​ကြ​လေ​ပြီ။ သူ​တို့​သည်​ငါ​၏​လယ်​ယာ​များ​ကို နင်း​ချေ​ပစ်​ကြ​လေ​ပြီ။ နှစ်​သက်​ဖွယ်​ကောင်း​သည့်​ငါ့​ပြည်​တော် ကို သဲ​ကန္တာ​ရ​ဖြစ်​စေ​ကြ​လေ​ပြီ။

ငါ​သည်​လက်​ရွေး​စင်​မျိုး​စေ့​မှ​စ​ပျစ်​နွယ်​ကို ငါ​စိုက်​ပျိုး​ခဲ့​၏။ သို့​ရာ​တွင်​သင်​အ​ဘယ်​သို့​ဖြစ်​လာ​ကြ သည်​ကို​ကြည့်​ရှု​လော့။ သင်​သည်​ပုပ်​၍​အ​သုံး​မ​ဝင်​သည့်​စ​ပျစ်​ပင်​နှင့် တူ​နေ​ပါ​သည်​တ​ကား။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``စ​ပျစ်​နွယ်​သား​ကို​တော​မှ​ယူ​၍​မီး မွှေး​ကြ​သ​ကဲ့​သို့ ငါ​သည်​ယေ​ရု​ရှ​လင် မြို့​မှ​လူ​တို့​ကို​ယူ​၍၊-

အ​ပင်​ငယ်​သည်​ရွက်​နု​များ​ထွက်​လာ​ကာ​နိမ့် နိမ့်​နှင့်​အ​ကိုင်း​အ​ခက်​များ​ဖြာ​၍​ထွက်​လာ သော​စ​ပျစ်​နွယ်​ပင်​ဖြစ်​လာ​လေ​သည်။ ထို အ​ပင်​၏​အ​ကိုင်း​အ​ခက်​တို့​သည်​လင်း​ယုန် ငှက်​ရှိ​ရာ​သို့​တက်​လျက်​အ​မြစ်​များ​သည် လည်း​အောက်​သို့​နက်​စွာ​ဆင်း​သွား​ကြ​၏။ စ​ပျစ်​ပင်​သည်​အ​ကိုင်း​အ​ခက်​တို့​ဖြင့် ဝေ​ဆာ​လျက်​နေ​၏။

သင့်​အ​မိ​သည်​စမ်း​ချောင်း​အ​နီး​တွင်​စိုက်​ထား သည့် စ​ပျစ်​ပင်​နှင့်​တူ​၏။ ရေ​အ​လုံ​အ​လောက်​ရှိ​သ​ဖြင့်​ထို​အ​ပင်​သည် အ​သီး​အ​ရွက်​များ​နှင့်​ဝေ​ဆာ​၍​နေ​၏။

ငါ​တို့​အ​ဘ​များ​သည်​မိ​မိ​တို့​ဖ​ခင်​များ ထံ​မှ ထို​တဲ​တော်​ကို​ဆက်​ခံ​ကာ ဘု​ရား​သ​ခင် နှင်​ထုတ်​တော်​မူ​သော​လူ​မျိုး​တို့​၏​ပြည်​ကို ယော​ရှု​နှင့်​အ​တူ​ချီ​တက်​သိမ်း​ပိုက်​ကြ​သော အ​ခါ ထို​တဲ​တော်​ကို​သယ်​ဆောင်​သွား​ကြ​၏။ ထို​တဲ​တော်​ကား​ဒါ​ဝိဒ်​မင်း​လက်​ထက်​တိုင် အောင်​ရှိ​သ​တည်း။-

သိမ်း​ယူ​ရန်​ကျန်​ရှိ​နေ​သေး​သော​နယ်​မြေ များ​တွင် လေ​ဗ​နုန်​တောင်​နှင့်​မိ​သ​ရ​ဖော​သ မိမ်​မြို့​စပ်​ကြား​တောင်​ကုန်း​ဒေ​သ​တွင် နေ ထိုင်​သော​ဇိ​ဒုန်​အ​မျိုး​သား​တို့​၏​နယ်​မြေ အား​လုံး​လည်း​ပါ​ဝင်​သည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဤ​ပြည်​များ​ကို​သိမ်း ယူ​ရန်​ချီ​တက်​လာ​သည့်​အ​ခါ သူ​တို့​အား လုံး​ကို​ငါ​နှင်​ထုတ်​မည်။ ငါ​သည်​သင့်​အား မိန့်​မှာ​ထား​သည့်​အ​တိုင်း​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက်​နယ်​မြေ​အား​လုံး ကို​ခွဲ​ဝေ​ပေး​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ