Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 80:14

Common Language Bible

အနန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​တို့​ထံ တစ်​ဖန်​ကြွ​တော်​မူ​ပါ။ ကောင်း​ကင်​ဘုံ​မှ​ငုံ့​၍​ကြည့်​တော်​မူ​ပါ။ ကြွ​လာ​တော်​မူ​၍​ကိုယ်​တော်​၏​လူ​စု​တော်​ကို ကယ်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ ငုံ့​၍​ကြည့်​တော်​မူ​ရာ၊ လူ​သား​အ​ပေါင်း​ကို​မြင်​တော်​မူ​၏။

လူ​အ​ပေါင်း​တို့​ကို​ကိုယ်​တော်​ရှင်​၏​ပတ်​လည်​တွင်​စု​ရုံး​စေ​တော်​မူ​ပြီး​နောက် အ​ထက်​အ​ရပ်​မှ​သူ​တို့​အား​အုပ်​စိုး​တော်​မူ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​မျှ​ကြာ​အောင် အ​မျက်​တော်​မ​ပြေ​ဘဲ​နေ​တော်​မူ​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​တို့​အား​သ​နား တော်​မူ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊ သန့်​ရှင်း​မြင့်​မြတ်​၍​ဘုန်း အ​သ​ရေ​တော်​တောက်​ပ​ရာ​ကောင်း​ကင်​ဘုံ​တည်း ဟူ​သော ကိုယ်​တော်​ရှင်​ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ် မှ​နေ​၍​ကျွန်​တော်​မျိုး​တို့​အား​ငုံ့​၍​ကြည့်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အ​တွက်​ကိုယ်​တော်​ရှင် စိုး​ရိမ်​ကြောင့်​ကြ​တော်​မူ​သည်​ကား​အ​ဘယ်​မှာ နည်း။ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​သည်​အ​ဘယ် မှာ​နည်း။ ကိုယ်​တော်​ရှင်​၏​မေတ္တာ​နှင့်​သ​နား​ကြင် နာ​မှု​သည်​အ​ဘယ်​မှာ​နည်း။ ကျွန်​တော်​မျိုး တို့​အား​လျစ်​လူ​ရှု​တော်​မ​မူ​ပါ​နှင့်။-

ကျွန်​တော်​မျိုး​တို့​အား​အ​ဘယ်​ကြောင့်​ကိုယ်​တော် ရှင်​၏​တ​ရား​လမ်း​မှ​လွှဲ​ရှောင်​သွား​စေ​တော်​မူ ပါ​သ​နည်း၊ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​တို့ အား​ခေါင်း​မာ​စေ​လျက် ကိုယ်​တော်​ရှင်​ထံ​မှ​ရှောင် လွှဲ​စေ​ပါ​သ​နည်း။ ကိုယ်​တော်​ရှင်​အား​ကိုး​ကွယ် သူ​တို့​ကို​ထောက်​ထား​သ​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​ထာ​ဝ​စဉ်​ပိုင်​သ​တော်​မူ​သည့် လူ​မျိုး​တော်​အား​ထောက်​ထား​သ​ဖြင့်​လည်း ကောင်း ပြန်​လည်​ကြွ​လာ​တော်​မူ​ပါ။

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​စိတ်​တော်​ကို ပြောင်း​လဲ​ကောင်း​ပြောင်း​လဲ​တော်​မူ​၍ သင်​တို့​အား​မြောက်​မြား​စွာ​သော​အ​သီး အ​နှံ​များ​ဖြင့် ကောင်း​ချီး​ပေး​တော်​မူ​ပါ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​သည်​ကိုယ်​တော်​အား ဂျုံ​ဆန်​နှင့် စ​ပျစ်​ရည်​ပူ​ဇော်​သကာ​များ​ကို​ဆက်​သ​နိုင် ပါ​၏။

သင်​တို့​သည်​မိ​မိ​တို့​၏​ဘိုး​ဘေး​များ​နည်း တူ ငါ​၏​ပ​ညတ်​တော်​တို့​ကို​မ​စောင့်​ထိန်း ဘဲ​လွှဲ​ရှောင်​လျက်​နေ​ခဲ့​ကြ​လေ​ပြီ။ သင် တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ ငါ သည်​လည်း​သင်​တို့​ထံ​သို့​ပြန်​လာ​မည်။'' ``သို့ ရာ​တွင်​သင်​တို့​က`အ​ထံ​တော်​သို့​ပြန်​လာ နိုင်​ရန်​ကျွန်​တော်​မျိုး​တို့​အ​ဘယ်​သို့​ပြု​ရ ကြ​ပါ​မည်​နည်း' ဟု​မေး​လျှောက်​ကြ​၏။-

`ငါ​၏​နာ​မ​တော်​ဖြင့်​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သူ လူ​မျိုး​ခြား​နှင့်​လူ​မျိုး​ရှိ​သ​မျှ​တို့​သည် ငါ့​ထံ​လာ​စိမ့်​သော​ငှာ​နောက်​မှ​ငါ​ပြန်​လာ​မည်။ ပြို​ကျ​လျက်​ရှိ​သော​ဒါ​ဝိဒ်​၏​နိုင်​ငံ​ကို ငါ​ပြန်​၍​တည်​ဆောက်​မည်။ ပျက်​စီး​ယို​ယွင်း​နေ​သည်​တို့​ကို​အ​သစ်​ပြု​ပြင်​၍ ထို​နိုင်​ငံ​ကို​တစ်​ဖန်​ခိုင်​ခံ့​စေ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ