Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 79:9

Common Language Bible

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​ကို​ကူ​မ​တော်​မူ​ပါ။ ကယ်​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​တို့​ကို​ကယ်​ဆယ်​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အင်​အား​ကြီး မား​သော​တပ်​ကို​ကူ​မ​တော်​မူ​နိုင်​သည့်​နည်း တူ အင်​အား​နည်း​သော​တပ်​ကို​လည်း​ကူ​မ​တော် မူ​နိုင်​ပါ​၏။ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​ကို အား​ကိုး​လျက်​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ဤ ကြီး​မား​လှ​သော​တပ်​မ​တော်​ကို​တိုက်​ခိုက် ရန်​ထွက်​ခဲ့​ကြ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​အား​အ​ဘယ် သူ​မျှ​မ​နှိမ်​နင်း​နိုင်​ပါ'' ဟု​ပတ္ထနာ​ပြု​တော် မူ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့် သစ္စာ​တော်​ကြောင့်​ကိုယ်​တော်​တစ်​ပါး​တည်း ၌​သာ​လျှင် ဘုန်း​အ​သ​ရေ​ရှိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၌​ဘုန်း​အ​သ​ရေ​မ​ရှိ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​အ​ပြစ်​တို့​သည်​များ​လှ​ပါ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​၏​က​တိ​တော်​ကို တည်​စေ​တော်​မူ​လျက်​ကျွန်​တော်​မျိုး​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကျောက်​နှင့် ရဲ​တိုက်​ဖြစ်​တော်​မူ​ပါ​၏။ က​တိ​တော်​ရှိ​သည်​အ​တိုင်း​ကျွန်​တော်​မျိုး​အား လမ်း​ပြ​ပို့​ဆောင်​တော်​မူ​ပါ။

သို့​သော်​လည်း​ငါ​သည်​မိ​မိ​၏​ဂုဏ်​သိက္ခာ​ကို ထောက်​၍၊ သင်​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​သော အ​ရှင် ဘု​ရား​သ​ခင်​ဖြစ်​ပေ​သည်။

``ငါ​၏​နာ​မ​တော်​ကို​လူ​တို့​ထော​မ​နာ​ပြု​ကြ​စေ​ရန်၊ ငါ​သည်​မိ​မိ​၏​အ​မျက်​ကို​ထိန်း​ချုပ်​၍​ထား​မည်။ မိ​မိ​ဒေါ​သ​ကို​ချုပ်​တည်း​၍​သင်​တို့​အား ဖျက်​ဆီး​သုတ်​သင်​မှု​ကို​မ​ပြု​ဘဲ​နေ​မည်။

ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​တို့​အား​စက်​ဆုပ်​ရွံ​ရှာ​တော်​မ​မူ ပါ​နှင့်။ ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​သည့် ရာ​ဇ​ပလ္လင်​တည်း​ဟူ​သော​ယေ​ရု​ရှ​လင်​မြို့​ကို အ​သ​ရေ​ပျက်​စေ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​တို့​နှင့်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​ကို​ဖျက်​တော်​မ​မူ​ပါ​နှင့်။

ငါ​၏​လူ​မျိုး​တော်​က​ငါ့​အား `ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​အ​ပြစ်​များ​၏ စွပ်​စွဲ​ခြင်း​ကို​ခံ​၍​နေ​ရ​သော်​လည်း၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ရှင်​၏ နာ​မ​တော်​ကို​ထောက်​၍​ကူ​မ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​သည်​ကြိမ်​ဖန်​များ​စွာ ကိုယ်​တော်​ရှင်​ကို ကျော​ခိုင်း​မိ​ကြ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​အား​ပြစ်​မှား​မိ​ကြ​ပါ​ပြီ။

သို့​ရာ​တွင်​ယင်း​သို့​ဖျက်​ဆီး​ပစ်​ပါ​မူ​နိုင်​ငံ တ​ကာ​ရှေ့​တွင် ငါ​၏​နာ​မ​တော်​အ​သ​ရေ ပျက်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့ အား​အီ​ဂျစ်​ပြည်​မှ ငါ​ထုတ်​ဆောင်​ခဲ့​သည်​ကို လူ​မျိုး​တ​ကာ​တို့​မြင်​ခဲ့​ကြ​သော​ကြောင့် ဖြစ်​၏။-

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ​သည်​ငါ ၏​နာ​မ​တော်​ကို​ထောက်​၍ မိ​မိ​၏​အ​သ​ရေ ကို​ကာ​ကွယ်​ရန်​သင်​တို့​၏​ယုတ်​မာ​ဆိုး​ညစ် ဖောက်​ပြန်​သော​အ​ကျင့်​များ​အ​လျောက် သင် တို့​ကို​မ​စီ​ရင်​သော​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စကား​ဖြစ်​၏။

သို့​ရာ​တွင်​ငါ​၏​နာ​မ​တော်​ကို သူ​တို့​အ​တူ တ​ကွ​နေ​ထိုင်​လျက်​ရှိ​သော​နိုင်​ငံ​များ​ရှေ့​တွင် အ​သ​ရေ​မ​ပျက်​စေ​ခြင်း​ငှာ​ယင်း​သို့​မ​ပြု ခဲ့။ အ​ဘယ်​ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​တော်​မူ​ခြင်း​ဖြင့် သူ​တို့​နှင့်​အ​တူ​နေ ထိုင်​ကြ​သော​လူ​မျိုး​ခြား​တို့​၏​ရှေ့​တွင် ငါ သည်​ထင်​ရှား​တော်​မူ​ခဲ့​ပြီ​ဖြစ်​သော​ကြောင့် တည်း။

အို အ​ရှင်​ဘု​ရား၊ နား​ထောင်​တော်​မူ​ပါ။ အို အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ အို အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​လျှောက်​ထား​ချက်​ကို​နား ထောင်​တော်​မူ​၍​အ​ရေး​ယူ​တော်​မူ​ပါ။ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ဖင့်​နွဲ တော်​မ​မူ​ပါ​နှင့်။ သို့​မှ​သာ​လျှင်​ကိုယ်​တော် သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း ကို​လူ​တိုင်း​သိ​ရှိ​ပါ​လိမ့်​မည်။ ဤ​မြို့ နှင့်​ဤ​လူ​မျိုး​တော်​ကို​ကိုယ်​တော်​ပိုင် တော်​မူ​ပါ​၏'' ဟု​ဆု​တောင်း​ပတ္ထနာ​ပြု​၏။

အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​အား​ပုန်​ကန်​ကြ သော်​လည်း ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် က​ရု​ဏာ​ထား​တော်​မူ​၍​အ​ကျွန်ုပ် တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ​၏။-

ကိုယ်​တော်​ချစ်​မြတ်​နိုး​တော်​မူ​သော​သား​တော် အား​ဖြင့် ငါ​တို့​အား​အ​ခ​မဲ့​ပေး​သ​နား​တော် မူ​သည့်​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ကျေး​ဇူး တော်​အ​တွက် ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား ထော​မ​နာ​ပြု​ကြ​ကုန်​အံ့။

ခါ​နာန်​အမျိုး​သား​မှ​စ​၍​ဤ​ပြည်​ရှိ​လူ အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား​သ​ဖြင့် အ​ကျွန်ုပ်​တို့​ကို​ဝိုင်း​၍ တစ်​ယောက်​မျှ​မ​ကျန် အောင်​သတ်​ဖြတ်​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​၏​ဘုန်း​တန်​ခိုး​တော်​ကို လူ​တို့ အ​ထင်​မ​သေး​ကြ​စေ​ခြင်း​ငှာ​မည်​သို့ ပြု​တော်​မူ​ပါ​မည်​နည်း'' ဟု​လျှောက်​ထား လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ