Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 78:63

Common Language Bible

ငယ်​ရွယ်​သူ​အ​မျိုး​သား​တို့​သည်​စစ်​ပွဲ​တွင် ကျ​ဆုံး​ကုန်​သ​ဖြင့်​ငယ်​ရွယ်​သူ အ​မျိုး​သ​မီး​တို့​နှင့်​လက်​ထပ်​ထိမ်း​မြား​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​၏​စ​ကား​ကို​ကြား​တော်​မူ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက်​တော်​မူ​၍ မိ​မိ​လူ​စု​တော်​အား​မီး​ဘေး​သင့်​စေ​တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော်​ကို​အား​မ​ကိုး။ ကိုယ်​တော်​ကယ်​တော်​မူ​မည်​ကို​လည်း​မ​ယုံ ကြည်​ကြ။ အ​မျက်​တော်​သည်​ပို​မို​ပြင်း​ထန်​လာ​၏။

ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ အ​မျိုး​သား​တစ်​ယောက်​လျှင် အ​မျိုး​သ​မီး ခု​နစ်​ယောက်​ဝိုင်း​၍``ကျွန်​မ​တို့​သည်​မိ​မိ တို့​စား​ရေး​ဝတ်​ရေး​အ​တွက် တာ​ဝန်​ယူ နိုင်​ပါ​သည်။ အိမ်​ထောင်​မဲ့​ဖြစ်​၍​ကျွန်​မ​တို့ အ​ရှက်​မ​ရ​ကြ​စေ​ရန် ရှင့်​အား​ကျွန်​မ​တို့ ၏​ခင်​ပွန်း​အ​ဖြစ်​ဖြင့်​ဖော်​ပြ​ပါ​ရ​စေ'' ဟု​ပြော​ဆို​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည့်​စ​ကား​ကို​နား​ထောင်​လော့။ ငါ​သည်​သူ တို့​၏​ဝမ်း​မြောက်​ရွှင်​လန်း​သံ​များ​နှင့်​မင်္ဂ​လာ ပွဲ​များ​၏​ပျော်​ရွှင်​သံ​များ​ကို ဤ​အ​ရပ်​တွင် ဆိတ်​သုဉ်း​စေ​မည်။ ဤ​အ​မှု​အ​ရာ​များ​ဖြစ် ပျက်​သည်​ကို​ဤ​အ​ရပ်​ရှိ​လူ​တို့​တွေ့​မြင် ရ​ကြ​လိမ့်​မည်။''

ငါ​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော် ကြ​သည့်​အ​သံ​များ​နှင့် မင်္ဂ​လာ​ဆောင်​ပွဲ​အ​သံ များ​ကို​လည်း​ကောင်း၊ ကျိတ်​ဆုံ​ကျောက်​လှည့် သည့်​အ​သံ​များ​ကို​လည်း​ကောင်း​ဆိတ်​သုဉ်း စေ​မည်။ ထို့​ပြင်​မီး​ခွက်​များ​ကို​လည်း​ငါ ငြိမ်း​သတ်​မည်။-

ငါ​သည်​ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​လမ်း များ​တွင်​မ​င်္ဂ​လာ​ဆောင်​ခဲ့​၏။ ရွှင်​လန်း​ဝမ်း မြောက်​သံ​များ​ကို​ဆိတ်​သုဉ်း​စေ​မည်။ ထို ဒေ​သ​သည်​လူ​သူ​ကင်း​မဲ့​လိမ့်​မည်။

လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​တွေ့​ကြုံ​ရ​သော ဆင်း​ရဲ​ဒုက္ခ​များ​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ညည်း​ညူ​သံ​ကို​ကြား​ရ​သော​အ​ခါ အ​မျက်​တော်​ထွက်​၍​သူ​တို့​အ​ပေါ်​တွင်​လောင် မီး​ကျ​စေ​၏။ မီး​သည်​စ​ခန်း​တစ်​ဘက်​စွန်း တွင်​ရှိ​သော​လူ​များ​ကို​လောင်​ကျွမ်း​စေ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သို့​ပြု​သော​သူ ကို​အ​ပြစ်​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​အား​ပြင်း​ထန် စွာ​အ​မျက်​တော်​ထွက်​သ​ဖြင့် သူ​သည်​ဤ ကျမ်း​တွင်​ရေး​ထား​သော​ဘေး​ဒဏ်​အ​ပေါင်း ကို​ခံ​ရ​လျက်​ဆုံး​ပါး​ပျက်​စီး​ရ​လိမ့်​မည်။-

ငါ​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့​တောက်​လောင်​၍ မြေ​ကြီး​ပေါ်​တွင်​ရှိ​သ​မျှ​တို့​ကို​လောင်​ကျွမ်း စေ​မည်။ အ​မျက်​တော်​မီး​သည်​မ​ရ​ဏာ​နိုင်​ငံ တိုင်​အောင်​လည်း​ကောင်း၊ တောင်​အောက်​ခြေ​သို့​တိုင်​အောင်​လည်း​ကောင်း လောင်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ