Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 78:61

Common Language Bible

တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော်​အ​ထိမ်း အ​မှတ် ဖြစ်​သော​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​လည်း ရန်​သူ​တို့​အား​သိမ်း​ယူ​ခွင့်​ပြု​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ထ​တော် မူ​၍​ကိုယ်​တော်​၏​တန်​ခိုး​တော်​ကို​သ​ရုပ်​ဆောင် သည့်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့်​အ​တူ ဗိ​မာန်​တော် ထဲ​သို့​ကြွ​တော်​မူ​ပြီး​လျှင်​ကာ​လ​အ​စဉ်​အမြဲ စံ​နေ​တော်​မူ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် မိ​မိ​တို့​ခံ​စား​ရ​သည့်​ကျေး​ဇူး​တော်​ကြောင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​စေ​သော။-

အို ထာ​ဝ​ရ​ဘု​ရား၊ တန်​ခိုး​တော်​၏​အ​မှတ်​လက္ခ​ဏာ​ဖြစ်​သည့် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့်​အ​တူ​ဗိ​မာန်​တော်​သို့ ကြွ​လာ​တော်​မူ​၏။

မြို့​တံ​ခါး​တို့​ကို​ကျယ်​စွာ​ဖွင့်​လိုက်​ကြ။ ရှေး​ဟောင်း​တံ​ခါး​တို့​ကို​ဖွင့်​လိုက်​ကြ။ ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ဝင်​တော်​မူ မည်။

သန့်​ရှင်း​ရာ​ဌာ​န​တွင်​ကိုယ်​တော်​ရှင်​အား​ဖူး မြော်​ခွင့်​ကို ကျွန်​တော်​မျိုး​အား​ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​နှင့် ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြော်​ခွင့်​ပေး​တော်​မူ​ပါ။

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​ကို မိုး​တိမ်​တိုက်​လွှမ်း​၍​ထာ​ဝ​ရ​ဘု​ရား ၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော်​သည် တဲ​တော်​တွင်း​၌​ထွန်း​တောက်​လေ​၏။-

ဒန်​အ​မျိုး​သား​တို့​သည်​မိက္ခာ​ပြုလုပ်​သည့်​ရုပ် တု​ကို​တည်​ထား​ပြီး​လျှင် ဝတ်​ပြု​ကိုး​ကွယ် ကြ​လေ​သည်။ မော​ရှေ​၏​မြေး၊ ဂေ​ရ​ရှုံ​၏ သား​ယော​န​သန်​က သူ​တို့​၏​ယဇ်​ပု​ရော ဟိတ်​အ​ဖြစ်​ဖြင့်​ဆောင်​ရွက်​လေ​သည်။ သူ​၏ သား​စဉ်​မြေး​ဆက်​တို့​သည်​လည်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဖမ်း​ဆီး​သိမ်း​သွား​ခြင်း ခံ​ရ​ချိန်​တိုင်​အောင် သူ​တို့​၏​ယဇ်​ပု​ရော ဟိတ်​များ​အ​ဖြစ်​ဖြင့်​ဆောင်​ရွက်​ကြ​၏။-

သ​တင်း​ယူ​ဆောင်​လာ​သူ​က``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ရှေ့​တွင်​တပ်​လန်​၍​ထွက်​ပြေး​ကြ​ပါ​၏။ ဤ စစ်​ပွဲ​တွင်​အ​ကျွန်ုပ်​တို့​သည် အ​ကြီး​အ​ကျယ် အ​ရေး​ရှုံး​နိမ့်​ကြ​ပါ​သည်​တ​ကား။ ထို့​အ​ပြင် အ​ရှင်​၏​သား​ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ်​တို့​သည် အ​သတ်​ခံ​ရ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​သည်​လည်း ရန်​သူ​များ​၏ လက်​သို့​ကျ​ရောက်​သွား​ပါ​၏'' ဟု​လျှောက်​၏။

ထို​နောက်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရန်​သူ​တို့ လက်​သို့​ကျ​ရောက်​သွား​သည်​ကို​လည်း​ကောင်း၊ ယောက္ခ​မ​နှင့်​ခင်​ပွန်း​ကွယ်​လွန်​ကြ​သည်​ကို လည်း​ကောင်း​အ​ကြောင်း​ပြု​၍``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဘုန်း​အ​သ​ရေ​ကွယ်​ပျောက် လေ​ပြီ'' ဟု​ဆို​လျက် ထို​သား​ကို​ဣ​ခ​ဗုဒ် ဟူ​၍​နာ​မည်​မှည့်​လေ​၏။-

ဖိ​လိတ္တိ​ပြည်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​သည် ခု​နစ်​လ​မျှ​ရောက်​ရှိ​နေ​ပြီး နောက်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ