Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 78:42

Common Language Bible

သူ​တို့​သည်​ကိုယ်​တော်​၌​မ​ဟာ​တန်​ခိုး​တော် ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း မိ​မိ​တို့​အား​ရန်​သူ​တို့​လက်​မှ ကိုယ်​တော်​ကယ်​တော်​မူ​ခဲ့​သော​အ​ချိန် ကာ​လ​ကို​လည်း​ကောင်း၊ အီ​ဂျစ်​ပြည်​ဇော​န​လွင်​ပြင်​တွင်​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​နှင့် ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ တော်​မူ ခဲ့​ကြောင်း​ကို​လည်း​ကောင်း​သ​တိ​မ​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အီ​ဂျစ်​ပြည်​တွင်​အံ့​သြ​ဖွယ်​ကောင်း​သော အ​မှု​တော်​များ​ဖြင့် မိ​မိ​တို့​အား​ကယ်​တော်​မူ​ခဲ့​သော​ဘု​ရား​သ​ခင်​ကို မေ့​လျော့​ကြ​၏။

သူ​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​အ​ရာ​များ​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ပြု​တော်​မူ​သော​ထူး​ဆန်း​သည့် နိ​မိတ်​လက္ခ​ဏာ​များ​ကို​လည်း​ကောင်း​မေ့​လျော့ ကြ​လေ​ကုန်​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် သင်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ သော​ကြောင့် သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ညတ်​တော်​ကို​အ​မြဲ​ရွတ်​ဆို​လေ့​လာ​နေ​စေ ရန် ပွဲ​တော်​သည်​သင်​တို့​၏​လက်​သို့​မ​ဟုတ်​သင် တို့​၏​န​ဖူး​ပေါ်​တွင်​ချည်​ထား​သော​အ​မှတ်​လက္ခ ဏာ​သ​ဖွယ် သင်​တို့​အား​သ​တိ​ရ​စေ​လိမ့်​မည်။-

အ​ကျွန်ုပ်​တို့​သည်​ထွက်​မ​လာ​မီ​က ဤ​ကဲ့ သို့​ဖြစ်​မည်​ဟု​ပြော​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ အ​ကျွန်ုပ်​တို့​က`အီ​ဂျစ်​အ​မျိုး​သား​တို့​ထံ​၌ ကျွန်​ခံ​မြဲ​ကျွန်​ခံ​နေ​ပါ​ရ​စေ' ဟု​ပြော​ပါ သည်။ ဤ​တော​ကန္တာ​ရ​ထဲ​၌​သေ​ရ​သည်​ထက် ကျွန်​ခံ​နေ​ရ​ခြင်း​က​သာ​၍​ကောင်း​ပါ​သည်'' ဟု​ပြော​လေ​၏။

ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​တန်​ခိုး​တော်​ကို အ​သုံး​ပြု​တော်​မူ​လျက်​အာ​ရှု​ရိ​ပြည်၊ အီ​ဂျစ် ပြည်၊ ပါ​သ​ရု​ပြည်၊ ဆူ​ဒန်​ပြည်၊ ဧ​လံ​ပြည်၊ ဗာ​ဗု​လုန်​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​ကမ်း ခြေ​ဒေ​သ​များ​နှင့်​ကျွန်း​များ​တွင် ကျန်​ရှိ နေ​သေး​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​မိ​မိ​တို့​ဌာ​နေ​သို့​ပြန်​လည်​ပို့​ဆောင် တော်​မူ​လိမ့်​မည်။-

ရန်​သူ​များ​အား​ကြောက်​လန့်​တုန်​လှုပ်​၍ သွား​စေ​သည့်​ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ များ​နှင့်​အံ့​သြ​ဖွယ်​ရာ​တို့​ဖြင့် ကိုယ်​တော်​ရှင် သည်​ကိုယ်​တော်​ရှင်​၏​တန်​ခိုး​စွမ်း​အား​တို့ ကို​အ​သုံး​ပြု​၍ ကိုယ်​တော်​ရှင်​၏​လူ​မျိုး တော်​ဣ​သ​ရေ​လ​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​ပါ​၏။-

မိ​မိ​တို့​အား​ပတ်​လည်​ဝိုင်း​လျက်​နေ​သည့်​ရန် သူ​များ​၏​လက်​မှ ကယ်​ဆယ်​တော်​မူ​ခဲ့​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​မူ​ဝတ်​မ ပြု​တော့​ချေ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ