ဆာလံ 78:36Common Language Bibleသို့ရာတွင်သူတို့သည်ကိုယ်တော်အားနှုတ်ဖြင့် မြှောက်ပင့်ပြောဆို၍ လျှာဖြင့်လိမ်လည်လျှောက်ထားကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``ဤသူတို့သည်ငါ့အား နှုတ်ဖြင့် ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော် လည်းသူတို့၏စကားများသည်အဋ္ဌိပ္ပါယ် မရှိ။ သူတို့၏စိတ်သည်လည်းအရပ်တစ်ပါး သို့ရောက်၍နေ၏။ သူတို့၏ဘာသာတရား သည် မိမိတို့အလွတ်ကျက်မှတ်ထားသည့်လူ့ ထုံးတမ်းစဉ်လာနှင့်နည်းဥပဒေများသာ လျှင်ဖြစ်ပေသည်။-
အရှင့်အားဘုရားသခင်ထာဝရဘုရား ထံဆုတောင်းပတ္ထနာပြုရန်ပန်ကြားခဲ့ကြ၏။ အကျွန်ုပ်တို့နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက် သည်ဖြစ်စေအမိန့်တော်များကိုအကျွန်ုပ် တို့လိုက်နာကြပါမည်။ ကိုယ်တော်ရှင်၏ စကားကိုနားထောင်ပါမူအကျွန်ုပ်တို့ အဖို့အစစအရာရာအဆင်ပြေပါ လိမ့်မည်'' ဟုပြောကြားကြ၏။
ဣသရေလပြည်သားတို့မိုးလင်းမှမိုးချုပ် အထိ ပြုလုပ်ကျင့်ကြံနေသမျှတို့သည် အကျိုးမရှိ၊ အချည်းနှီးသက်သက်ဖြစ်၏။ သူတို့တွင်သစ္စာဖောက်မှု၊ အကြမ်းဖက်မှု များတိုးပွားများပြားလျက်ရှိ၏။ သူတို့ သည်အာရှုရိပြည်နှင့်မဟာမိတ်ဖွဲ့လျက် ပင် အီဂျစ်ပြည်နှင့်ကုန်သွယ်ကြ၏'' ဟု မိန့်တော်မူ၏။