ထိုနောက်ပင်လယ်ကမ်းခြေသဲလုံးနှင့်အမျှ များပြားသောငှက်တို့ကို မိမိ၏လူစုတော်အားချပေးတော်မူ၏။
ထာဝရဘုရားသည်ပင်လယ်ဘက်မှလေကို တိုက်စေသဖြင့် လေနှင့်အတူငုံးငှက်များပါ လာ၏။ ထိုငုံးငှက်များသည်မြေပြင်အထက် သုံးပေအမြင့်မှပျံသန်းလာ၍ စခန်းအတွင်း နှင့်စခန်းအပြင်မိုင်များစွာပတ်လည်နေရာ အနှံ့အပြားတွင်နားကြလေသည်။-
သို့ဖြစ်၍လူတို့သည်တစ်နေ့လုံး၊ တစ်ညလုံး နှင့်နောက်တစ်နေ့လုံးငုံးငှက်များကိုဖမ်းဆီး ကြ၏။ ယုတ်စွအဆုံးလူတစ်ဦးလျှင်ငုံးငှက် တင်းငါးဆယ်မျှဖမ်းဆီးမိသည်။ သူတို့သည် စခန်းပတ်လည်တွင်ငှက်များကိုဖြန့်၍ အခြောက်လှန်းကြသည်။-