Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 78:24

Common Language Bible

ကိုယ်​တော်​သည်​သူ​တို့​စား​ရန်​မန္န​မုန့်​မိုး​ရွာ​စေ တော်​မူ​၏။ သူ​တို့​စား​သုံး​ရန်​ကောင်း​ကင်​မှ​ဆန်​စ​ပါး​ကို ချ​ပေး​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

``သူ​တို့​ဆာ​လောင်​မွတ်​သိပ်​ကြ​သော​အ​ခါ မိုး​ကောင်း​ကင်​မှ​အ​စား​အ​စာ​ကို​ချ​ပေး တော်​မူ​၍ ရေ​ငတ်​ကြ​သော​အ​ခါ​ကျောက်​ဆောင်​ထဲ​မှ ထွက်​သော​ရေ​ကို​ပေး​တော်​မူ​ပါ​၏။ ကိုယ်​တော်​ပေး​တော်​မူ​မည်​ဟု က​တိ​ထား​သော​ပြည်​ကို​သိမ်း​ပိုက်​ရန် သူ​တို့​အား မိန့်​တော်​မူ​ပါ​၏။

ကိုယ်​တော်​သည်​ကောင်း​မြတ်​တော်​မူ​သ​ဖြင့် သူ​တို့​ပြု​ကျင့်​သင့်​သော​အ​မှု​အ​ရာ​များ​ကို သွန်​သင်​ပေး​တော်​မူ​ပါ​၏။ သူ​တို့​အား​မန္န​မုန့်​ကို​ကျွေး​၍​သူ​တို့​သောက်​ရန် ရေ​ကို​ပေး​တော်​မူ​ပါ​၏။

သူ​တို့​တောင်း​ခံ​သ​ဖြင့်​ကိုယ်​တော်​သည်​ငုံး​များ​ကို စေ​လွှတ်​ပေး​တော်​မူ​၏။ သူ​တို့​ရောင့်​ရဲ​စွာ​စား​နိုင်​ကြ​စေ​ရန်​ကောင်း​ကင်​မှ အ​စား​အ​စာ​ကို​ချ​ပေး​တော်​မူ၏။

ကိုယ်​တော်​ရှင်​သည်​မိုး​ကို​သည်း​ထန်​စွာ​ရွာ​စေ သ​ဖြင့် ပင်​ပန်း​နွမ်း​နယ်​လျက်​နေ​သည့်​ပြည်​တော်​ကို ပြန်​လည်​၍​လန်း​ဆန်း​စေ​တော်​မူ​ပါ​၏။

နှင်း​ကွဲ​သော​အ​ခါ​တော​ကန္တာ​ရ​၏​မြေ​ပေါ် တွင် ပါး​လွှာ​သော​အ​ချပ်​က​လေး​များ​ကျန် ရစ်​ခဲ့​၏။ ထို​အ​ချပ်​က​လေး​များ​သည်​ဆီး နှင်း​ပေါက်​ကဲ့​သို့​နူး​ညံ့​၏။-

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ အား``ငါ​သည်​သင်​တို့​အား​လုံး​အ​တွက်​မိုး ကောင်း​ကင်​မှ​မုန့်​ကို​ချ​ပေး​မည်။ သူ​တို့​သည် နေ့​စဉ်​ထွက်​၍​တစ်​နေ့​စာ​အ​တွက်​မုန့်​ကို​စု သိမ်း​ရ​ကြ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့ သည် ငါ​၏​မိန့်​မှာ​ချက်​အ​တိုင်း​လိုက်​နာ သည်၊ မ​လိုက်​နာ​သည်​ကို​ငါ​သိ​ရ​မည်။-

သူ​တို့​အား​လုံး​ပင်​ဋ္ဌမ္မ​အ​စာ​တစ်​မျိုး​တည်း ကို​စား​ကြ​ရ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​နှစ်​ပေါင်း လေး​ဆယ်​ပတ်​လုံး တော​ကန္တာ​ရ​ခ​ရီး​ဖြင့်​ပို့ ဆောင်​တော်​မူ​ခဲ့​စဉ်​အ​တွင်း သင်​တို့​၏​အ​ဝတ် အင်္ကျီ​များ​မ​ဟောင်း​မ​နွမ်း၊ သင်​တို့​၏​ဖိ​နပ် များ​လည်း​မ​စုတ်​မ​ပြတ်​ခဲ့​ရ။-

ကိုယ်​တော်​သည်​သင်​တို့​ကို​အ​စာ​ငတ်​စေ​တော် မူ​၏။ ထို့​နောက်​သင်​တို့​နှင့်​သင်​တို့​၏​ဘိုး​ဘေး များ​မ​စား​ဘူး​သော​မန္န​မုန့်​ကို​ကျွေး​တော်​မူ သည်။ ဤ​နည်း​အား​ဖြင့်​လူ​သည်​အ​စား​အ​စာ ကို​သာ​မှီ​ဝဲ​၍ အ​သက်​ရှင်​ရ​သည်​မ​ဟုတ်။ ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​မှီ​ဝဲ​၍ အ​သက်​ရှင် ရ​မည်​ဖြစ်​ကြောင်း​သင်​တို့​အား​သွန်​သင်​တော် မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ