Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 78:21

Common Language Bible

ထို​သူ​တို့​၏​စ​ကား​ကို​ကြား​တော်​မူ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက်​တော်​မူ​၍ မိ​မိ​လူ​စု​တော်​အား​မီး​ဘေး​သင့်​စေ​တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော်​ကို​အား​မ​ကိုး။ ကိုယ်​တော်​ကယ်​တော်​မူ​မည်​ကို​လည်း​မ​ယုံ ကြည်​ကြ။ အ​မျက်​တော်​သည်​ပို​မို​ပြင်း​ထန်​လာ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည်​သူ​တို့​အား အ​မျက်​ထွက်​တော်​မူ​သ​ဖြင့်​အ​သန်​စွမ်း​ဆုံး လက်​ရွေး​စင်​ဣ​သ​ရေ​လ​လူ​ငယ်​လူ​ရွယ် များ​ကို သေ​ဒဏ်​သင့်​စေ​တော်​မူ​၏။

သူ​တို့​သည်​ပုန်​ကန်​ကာ​ကိုယ်​တော်​အား​ဝမ်း နည်း​စေ​ကြ​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​ကို​ရန်​ဘက်​ပြု​ကာ​တိုက်​ခိုက် တော်​မူ​သ​တည်း။

လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​တဲ​ဝ​အ သီး​သီး​တွင်​စု​ရုံး​ကာ ညည်း​ညူ​နေ​ကြ​သော အ​သံ​ကို​မော​ရှေ​ကြား​ရ​၏။ ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​သော​ကြောင့် မော​ရှေ​သည် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။-

ထို​သူ​တို့​၌​ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ အ​ခြား သူ​တို့​သင်​ခန်း​စာ​ရ​ရှိ​ကြ​စေ​ရန်​ဖြစ်​ပေ​သည်။ ငါ​တို့​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ရန်​နီး​ချိန်​၌ အ​သက်​ရှင်​ရ​ကြ​သူ​များ​ဖြစ်​သော​ကြောင့် ငါ တို့​အား​သ​တိ​ပေး​သည့်​အ​နေ​ဖြင့်​ထို​အ​ကြောင်း အ​ရာ​များ​ကို​ကျမ်း​စာ​တော်​တွင်​ရေး​သား​ထား သ​တည်း။

သို့​ဖြစ်​စေ​ကာ​မူ​ထို​သူ​တို့​အ​နက်​လူ​အ​များ တို့​အား​ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မ​မူ။ ထို့ ကြောင့်​သူ​တို့​သည်​တော​ကန္တာ​ရ​၌​သေ​ကြေ ပျက်​စီး​ကြ​၏။

ငါ​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့​တောက်​လောင်​၍ မြေ​ကြီး​ပေါ်​တွင်​ရှိ​သ​မျှ​တို့​ကို​လောင်​ကျွမ်း စေ​မည်။ အ​မျက်​တော်​မီး​သည်​မ​ရ​ဏာ​နိုင်​ငံ တိုင်​အောင်​လည်း​ကောင်း၊ တောင်​အောက်​ခြေ​သို့​တိုင်​အောင်​လည်း​ကောင်း လောင်​လိမ့်​မည်။

အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​၏​ဘု​ရား သ​ခင်​သည်​ကျွမ်း​လောင်​စေ​တတ်​သော​မီး သ​ဖွယ်​ဖြစ်​တော်​မူ​သော​ကြောင့်​တည်း။

ထာ​ဝ​ရ​ဘု​ရား​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အား ကယ်​ဆယ်​ကာ​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​တော်​မူ​ပြီး​နောက် မိ​မိ​အား မ​ယုံ​ကြည်​မ​ကိုး​စား​သူ​တို့​ကို​ဆုံး​ပါး ပျက်​စီး​စေ​တော်​မူ​ကြောင်း​ကို သင်​တို့​သိ​ရှိ ကြ​ပြီး​ဖြစ်​သော်​လည်း​သင်​တို့​အား​ငါ ပြန်​လည်​သ​တိ​ရ​စေ​လို​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ