ဤသို့မိမိကိုယ်ကိုမေး၏။ ``ဘုရားရှင်သည်ငါတို့ကိုအစဉ်အမြဲ စွန့်ပစ်တော်မူမည်လော။ ကိုယ်တော်သည်ငါတို့အားအဘယ်အခါ၌မှ ပြန်၍နှစ်သက်တော်မမူတော့ပြီလော။
ထာဝရဘုရားသည်သူတို့အား ကူမတော်မူမည်ဖြစ်၍သူတို့သည်လဲ သော်လည်း မထဘဲနေလိမ့်မည်မဟုတ်။
ထာဝရဘုရားအားထိုက်လျောက်သည့် ယဇ်များကိုပူဇော်၍ကိုယ်တော်ကို ယုံကြည်ကိုးစားကြလော့။
သို့ရာတွင်ယခုအခါ၌ကိုယ်တော်သည် ကျွန်တော်မျိုးတို့အားပစ်ပယ်တော်မူလျက် အရေးရှုံးနိမ့်စေတော်မူပါပြီ။ ကျွန်တော်မျိုးတို့၏စစ်တပ်များနှင့်အတူ ချီတက်တော်မမူတော့ပါ။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်အဘယ်ကြောင့် ကျွန်တော်မျိုးတို့အားဤသို့စွန့်ပစ်၍ ထားတော်မူပါသနည်း။ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အစဉ်အမြဲ အမျက်ထွက်၍နေတော်မူပါမည်လော။
အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးတို့အားထာဝစဉ် အမျက်ထွက်လျက်နေတော်မူပါမည်လော။ အမျက်တော်သည်မပြေဘဲမီးကဲ့သို့တောက်လောင် နေပါမည်လော။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မိမိ၏ပြည်တော်ကို သနားတော်မူပါပြီ။ ဣသရေလအမျိုးသားတို့အားတစ်ဖန် ပြန်လည်ချမ်းသာကြွယ်ဝစေတော်မူပါပြီ။
ကိုယ်တော်ရှင်သည်အစဉ်အမြဲအမျက်ထွက်၍ နေတော်မူပါမည်လော။ အမျက်တော်သည်အဘယ်အခါ၌မျှ ပြေတော်မမူတော့ပြီလော။
သို့ရာတွင်ကိုယ်တော်ရှင်သည် မိမိဘိသိက်ပေးတော်မူသောဘုရင်ကို အမျက်ထွက်တော်မူပါ၏။ ကိုယ်တော်ရှင်သည်သူ့အားစွန့်ပစ်တော်မူပါပြီ။ သူ့အားပစ်ပယ်တော်မူပါပြီ။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မျက်နှာတော်ကိုအစဉ်ပင် ဖုံးကွယ်၍ထားတော်မူပါမည်လော။ ကိုယ်တော်ရှင်၏အမျက်တော်သည်အဘယ်မျှ ကြာအောင်မီးကဲ့သို့တောက်လောင်၍ နေတော်မူပါမည်နည်း။