အို ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသမျှတို့သည် မြင့်မြတ်ပါ၏။ ကိုယ်တော်ရှင်ကဲ့သို့အဘယ်ဘုရားမျှမကြီး မြတ်ပါ။
သီချင်းဆို၍ထာဝဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာ အပေါင်းတို့ကိုဖော်ပြကြလော့။
ကိုယ်တော်ရှင်၏ပညတ်တော်တို့ကိုနားလည် နိုင်ရန် ကွန်တော်မျိုးအားကူမတော်မူပါ။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အံ့သြဖွယ်ကောင်းသည့်သွန်သင်ခက် တို့ကို ဆင်ခြင်ပါမည်။
ထာဝရဘုရားအားငါတောင်းလျှောက်လို သောဆု၊ ငါလိုချင်တောင့်တသောဆုတစ်ခုတည်းရှိ၏။ ထိုဆုကားဘုရားသခင်၏အိမ်တော်တွင် တစ်သက်လုံးနေရ၍ကျေးဇူးတော်ကို ချီးမွမ်းအံ့သြလျက် ကိုယ်တော်၏လမ်းပြမှုကိုတောင်းခံနိုင်ခွင့် ပင်ဖြစ်၏။
သန့်ရှင်းရာဌာနတွင်ကိုယ်တော်ရှင်အားဖူး မြော်ခွင့်ကို ကျွန်တော်မျိုးအားပေးတော်မူပါ။ ကိုယ်တော်ရှင်၏တန်ခိုးတော်နှင့် ဘုန်းအသရေတော်ကိုဖူးမြော်ခွင့်ပေးတော်မူပါ။
သီချင်းသီဆိုသူများသည်ရှေ့မှလိုက်၍ တူရိယာတီးမှုတ်သူများကနောက်မှလိုက် ကြပါ၏။ ပတ်သာတီးမှုတ်သူအမျိုးသမီးငယ်များကမူ အလယ်မှလိုက်ပါကြပါ၏။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏တရားမျှတမှုသည် မိုးကောင်းကင်တိုင်အောင်ရောက်ရှိပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကြီးမြတ်သည့်အမှုအရာများကိုပြုတော် မူပြီ ဖြစ်သောကြောင့်တည်း။ ကိုယ်တော်ရှင်နှင့်တူသူတစ်စုံတစ်ယောက်မျှ မရှိပါ။
ကျွန်တော်မျိုးသည်ကိုယ်တော်၏ဗိမာန်တော် ထဲသို့ ရောက်ရှိသည့်အခါကျမှသာလျှင် သူယုတ်မာတို့အဘယ်သို့နိဂုံးချုပ်ရကြ မည်ကို သိရှိနားလည်လာပါ၏။
အို ဘုရားရှင်၊ ကိုယ်တော်ရှင်ကဲ့သို့သောဘုရားမရှိပါ။ ကိုယ်တော်ရှင်ပြုတော်မူသကဲ့သို့ အဘယ်ဘုရားမျှမပြုခဲ့ပါ။
အို ထာဝရဘုရား၊ကိုယ်တော်နှင့်တူသော အဘယ်ဘုရားရှိအံ့နည်း။ ကိုယ်တော်ကဲ့သို့သန့်ရှင်းမြင့်မြတ်ဘုန်း ကြီးသော ဘုရားအဘယ်မှာရှိအံ့နည်း။ ကိုယ်တော်ကဲ့သို့နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြုနိုင်သောဘုရား အဘယ်မှာရှိအံ့နည်း။
ဘုရားသခင်အားအဘယ်သူနှင့် နှိုင်းယှဉ်နိုင်ပါမည်နည်း။ ကိုယ်တော်၏ပုံသဏ္ဌာန်တော်ကိုသင်တို့ အဘယ်သို့ဖော်ပြနိုင်ပါမည်နည်း။
မြင့်မြတ်သန့်ရှင်းတော်မူသောဘုရားသခင်ကို အဘယ်သူနှင့်နှိုင်းယှဉ်နိုင်ပါမည်နည်း။ ကိုယ်တော်နှင့်တူသောသူတစ်စုံတစ်ယောက် ရှိပါသလော။
``သင်တို့သည်ငါ့အားအဘယ်သူနှင့် နှိုင်းယှဉ်ကြပါမည်နည်း။ ငါနှင့်တူသောအခြားဘုရားရှိပါသေး သလော။
သူတို့၏ရန်သူများသည်မိမိတို့၏ဘုရားများ အားနည်း၍ ဣသရေလအမျိုးသားတို့၏ဘုရားကဲ့သို့ တန်ခိုးမကြီးကြောင်းသိကြ၏။