ဆာလံ 76:3Common Language Bibleထိုအရပ်တွင်ကိုယ်တော်သည်ရန်သူတို့၏ မြား၊ဒိုင်းလွှား၊ဋ္ဌားနှင့်လက်နက်ရှိသမျှတို့ကို ချိုးဖျက်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ယောရှဖတ်နှင့်သူ၏စစ်သည်တော်တို့သည် ရန်သူ တို့၏ဥစ္စာပစ္စည်းများကိုသိမ်းယူရန်လာရောက် ကြသောအခါသိုးနွားအမြောက်အမြား၊ ရိက္ခာ၊ အဝတ်အစားနှင့်အခြားအဖိုးတန်ပစ္စည်းများ ကိုတွေ့ရှိကြလေသည်။ သူတို့သိမ်းယူသည့်ဥစ္စာ ပစ္စည်းမှာအလွန်ပင်များသဖြင့် သုံးရက်တိုင်တိုင် သိမ်းယူသော်လည်းမကုန်ချေ။-
ထာဝရဘုရားသည်ကောင်းကင်တမန်ကို စေလွှတ်၍ အာရှုရိတပ်သားများနှင့်တပ်မ တော်အရာရှိများအားသုတ်သင်ပယ်ရှင်း စေတော်မူ၏။ ဧကရာဇ်မင်းသည်အရှက်ကွဲ လျက်အာရှုရိပြည်သို့ပြန်တော်မူ၏။ တစ် နေ့သ၌သူသည်မိမိဘုရား၏ဗိမာန် တော်၌ရှိနေစဉ် သားတော်အချို့တို့သည် သူ့အားဋ္ဌားဖြင့်လုပ်ကြံကြလေသည်။