Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 76:10

Common Language Bible

လူ​တို့​၏​ဒေါ​သ​သည်​ကိုယ်​တော်​ရှင်​အား​ပို​၍ ထော​မ​နာ​ပြု​ခြင်း​အ​ကျိုး​ကို​ဖြစ်​ပေါ်​စေ​ပါ လိမ့်​မည်။ စစ်​ပွဲ​တွင်​မ​သေ​ဘဲ​အ​သက်​ရှင်​ကျန်​ရစ်​သူ​တို့​သည် ကိုယ်​တော်​၏​ပွဲ​တော်​များ​ကို​စောင့်​ထိန်း ကြ​ပါ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

အစ်​ကို​တို့​သည်​ကျွန်ုပ်​အား​မ​ကောင်း​ကြံ​ခဲ့ ကြ​ပါ​သော်​လည်း​ဘု​ရား​သ​ခင်​က ကျွန်ုပ် တို့​ယ​နေ့​တွေ့​မြင်​ရ​သည့်​အ​တိုင်း​လူ​များ အ​သက်​ချမ်း​သာ​စေ​ရန်​ထို​မ​ကောင်း​မှု​မှ အ​ကျိုး​တ​ရား​ကို​ဖော်​ခဲ့​တော်​မူ​ပြီ။-

ကမ္ဘာ​မြေ​ကြီး​ကို​နောက်​တစ်​ဖန်​ရေ​မ​လွှမ်း​မိုး​စေ​ရန် ကိုယ်​တော်​ရှင်​သည်​ရေ​တို့​ကူး​ကျော်​၍​မ​ရ​နိုင်​သည့် နယ်​နိ​မိတ်​ကို​သတ်​မှတ်​ပေး​တော်​မူ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​၏​က​တိ​တော်​များ​ကို ယုံ​ကြည်​စိတ်​ချ​နိုင်​၏။ မီး​ဖို​၌​ခု​နစ်​ကြိမ်​ချွတ်​ပြီး​သော​ငွေ​စင်​ကဲ့​သို့ ယုံ​ကြည်​စိတ်​ချ​နိုင်​၏။

လူ​မျိုး​အ​ပေါင်း​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​၏။ ဘု​ရား​သ​ခင်​မိန့်​မြွက်​တော်​မူ​သော​အ​ခါ ကမ္ဘာ​မြေ​ကြီး​သည်​အ​ရည်​ပျော်​လေ​၏။

ကိုယ်​တော်​ရှင်​သည်​ပင်​လယ်​ရေ​မြည်​ဟည်း​သံ​နှင့် လှိုင်း​လုံး​သံ​တို့​ကို​ငြိမ်​သက်​စေ​တော်​မူ​ပါ​၏။ လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​သံ​များ​ကို​လည်း ငြိမ်​သက်​စေ​တော်​မူ​ပါ​၏။

အို ဘု​ရား​သ​ခင်၊ ကြွ​လာ​တော်​မူ​၍​ကမ္ဘာ​လော​က​ကို​အုပ်​စိုး​တော် မူ​ပါ။ လူ​မျိုး​တ​ကာ​တို့​ကို​ကိုယ်​တော်​ရှင်​ပိုင်​တော် မူ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​ပေါ် မာ​န​ထောင်​လွှား​ခဲ့​သော အီ​ဂျစ်​အ​မျိုး​သား​တို့​အ​ပေါ်​ပြု​မူ​ပုံ ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရား​အ​ပေါင်း တို့​ထက်​ပို​၍​ဘုန်း​တန်​ခိုး​ကြီး​တော်​မူ ကြောင်း​ယ​ခု​ငါ​သိ​ပြီ'' ဟု​ဆို​၏။-

ဆင်း​ရဲ​သား​တို့​အား​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​၍ နိမ့်​ကျ​သူ​တို့​၏​ရ​ပိုင်​ခွင့်​များ​ကို ကာ​ကွယ်​စောင့်​ရှောက်​လိမ့်​မည်။ သူ​ပေး​သည့်​ရာ​ဇ​သံ​ဖြင့်​ပြည်​သူ​တို့​သည် ဒဏ်​သင့်​ကြ​လိမ့်​မည်။ ဆိုး​ညစ်​သူ​တို့​သည်​လည်း သေ​ရ​ကြ​လိမ့်​မည်။

ဘု​ရား​သ​ခင်​သည်​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ တော်​မ​မူ​လျှင်​အ​ဘယ်​သူ​မျှ​အ​သက်​ဘေး​မှ​ကင်း လွတ်​နိုင်​လိမ့်​မည်​မ​ဟုတ်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​မိ​မိ​ရွေး​ချယ်​ထား​တော်​မူ​သော​သူ​များ​အ​ဖို့ အ​လို့​ငှာ​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ​တော်​မူ​လိမ့် မည်။''

ပိ​လတ်​မင်း​က ``ငါ​ရေး​ပြီး​သည့်​အ​တိုင်း အ​တည်​ဖြစ်​စေ​ရ​မည်'' ဟု​ပြန်​ပြော​၏။

ကိုယ်​တော်​က​ဖာ​ရော​ဘု​ရင်​အား``သင့်​ကို​ဘု​ရင် အ​ဖြစ်​ငါ​ချီး​မြှောက်​ရ​ခြင်း​အ​ကြောင်း​မှာ သင့် အား​ဖြင့်​ငါ​၏​တန်​ခိုး​တော်​ကို​ပြ​၍​ကမ္ဘာ​တစ် ဝန်း​တွင်​ငါ​၏​ဂုဏ်​သ​တင်း​ပျံ့​နှံ့​စေ​ရန်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ကြောင်း​ကျမ်း​စာ​တော်​က ဆို​သည်။-

ကိုယ်​တော်​၏​အ​မျက်​တော်​သက်​ရောက်​ရာ ကာ​လ​သည်​လည်း​ကောင်း၊ သေ​လွန်​သူ​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ​ရာ ကာ​လ​သည်​လည်း​ကောင်း ယ​ခု​အ​ခါ​ကျ​ရောက်​လာ​ပြီ​ဖြစ်​၍​လူ​မျိုး အ​ပေါင်း​တို့​သည်​အ​မျက်​ထွက်​ကြ​ပါ​၏။ ကိုယ်​တော်​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ၊ ကိုယ်​တော်​၏ လူ​စု​ဝင်​အ​ပေါင်း၊ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ၊အ​ကြီး အ​ငယ်​တို့ ဆု​လာဘ်​တော်​ကို​ခံ​ယူ​ရန် အ​ချိန်​ကာ​လ​သည်​လည်း​ကောင်း၊ကမ္ဘာ​မြေ ကြီး​ကို ပျက်​စီး​စေ​သူ​တို့ ပျက်​စီး​ရ​မည့်​အ​ချိန်​ကာ​လ​သည်​လည်း ကောင်း ရောက်​ရှိ​လာ​ပါ​ပြီ'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက်​ထား​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ