ဆာလံ 75:4Common Language Bibleငါဤသို့အမိန့်ရှိ၏။ သူယုတ်မာတို့အားမကြွားမဝါကြနှင့်။ အခန်းကိုကြည့်ပါ။ |
ငါကလည်း``ဤသူတို့သည်အဘယ်မှုကို ပြုရန်ရောက်ရှိလာကြပါသနည်း'' ဟုမေး လျှောက်လေလျှင်၊ ကိုယ်တော်က``သူတို့သည်ယုဒအမျိုးသား တို့အားကွဲလွင့်စေ၍အကုန်အစင်ဖျက်ဆီး ချေမှုန်းခဲ့သည့်လူမျိုးတို့အား တုန်လှုပ်ချောက် ချားစေ၍ဖြိုခွင်းနှိမ်နင်းရန်ရောက်ရှိလာ ခြင်းဖြစ်၏'' ဟုမိန့်တော်မူ၏။
ကိုယ်တော်သည်ဆင်းရဲသူတို့ကို မြေမှုန့်မှလည်းကောင်း၊ ချို့တဲ့နွမ်းပါးသူတို့ကိုအမှိုက်ပုံမှလည်း ကောင်း ချီပင့်တော်မူ၏။ သူတို့အားမင်းညီမင်းသားများနှင့်ပေါင်းဖော် ခွင့်ကို ပေးတော်မူ၍ ဂုဏ်အသရေရှိသည့်နေရာများတွင် ထိုင်စေတော်မူ၏။ ထာဝရဘုရားသည်မြေကြီး၏အခြေခံ အုတ်မြစ်များကိုပိုင်တော်မူ၏။ ထိုအုတ်မြစ်တို့အပေါ်တွင်ကမ္ဘာကို တည်ဆောက်တော်မူပြီ။