Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 75:10

Common Language Bible

ကိုယ်​တော်​သည်​သူ​ယုတ်​မာ​တို့​၏​တန်​ခိုး အာ​ဏာ​ကို ချိုး​နှိမ်​တော်​မူ​မည်။ သူ​တော်​ကောင်း​တို့​၏​တန်​ခိုး​အာ​ဏာ​ကို​မူ​ကား တိုး​တက်​စေ​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​တိုင်း​နိုင်​ငံ​တွင်​ရှိ​သ​မျှ​သော​သူ​ယုတ်​မာ တို့​ကို ငါ​သည်​နေ့​စဉ်​နေ့​တိုင်း​သုတ်​သင်​ပစ်​ပါ​မည်။ ဆိုး​ညစ်​သူ​အ​ပေါင်း​တို့​အား​ထာ​ဝ​ရ​ဘုရား​၏ မြို့​တော်​မှ​နှင်​ထုတ်​ပါ​မည်။

ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်၊ မိ​မိ​ချစ်​မြတ်​နိုး​တော်​မူ​လှ​သည့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ခွန်​အား​ကြီး​မား​စေ​တော်​မူ​သ​ဖြင့်​ထို​သူ တို့​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အောင်​ပွဲ​ကြီး​များ​ခံ​စေ​တော်​မူ​ပါ​၏။ မေတ္တာ​ရှိ​တော်​မူ​သ​ဖြင့်​ကျွန်​တော်​မျိုး​တို့​အား အ​နိုင်​ရ​စေ​တော်​မူ​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား နွား​လား​ရိုင်း​ကဲ့​သို့​သန်​စွမ်း​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား​ရွှင်​လန်း​ဝမ်း​မြောက်​ရ​ခြင်း ကောင်း​ချီး​မင်္ဂလာ​ကို​ပေး​တော်​မူ​ပါ​ပြီ။

မော​ဘ​ပြည်​၏​အာ​ဏာ​တန်​ခိုး​သည်​ပျောက် ကွယ်​၍​သွား​လေ​ပြီ။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။

ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အ​မျိုး​အ​နွယ်​တွင် တန်​ခိုး​ကြီး​မား​သော၊ကယ်​တင်​ရှင်​ကို ပေါ်​ထွန်း​စေ​တော်​မူ​ပြီ။

ဟန္န​သည်​ဤ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သည်။ ``ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်​မ​အား​စိတ်​ရွှင်​လန်း စေ​တော်​မူ​ပြီ။ ကျွန်​မ​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​ကို​ထောက်​၍​ဝမ်း​မြောက်​ပါ​၏။ ကျွန်​မ​သည်​ရန်​သူ​တို့​အား​ပြက်​ရယ်​ပြု​ခွင့် ရ​ပါ​၏။ ဘု​ရား​သ​ခင်​သည်​ကျွန်​မ​ကို​ကူ​မ​တော်​မူ​ပြီ ဖြစ်​၍ ကျွန်​မ​သည်​စိတ်​ရွှင်​လန်း​ပါ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ