Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 74:7

Common Language Bible

သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​ကို မီး​ရှို့​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​ကို ဖြို​ဖျက်​၍​ညစ်​ညမ်း​စေ​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

``ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် ထို​က​တိ တော်​ကို​အ​ကောင်​အ​ထည်​ပေါ်​လွင်​စေ​တော်​မူ ပြီ။ ငါ​သည်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ပြီး​လျှင် ဣ​သ ရေ​လ​အ​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန် ဗိ​မာန်​တော် ကို​တည်​ဆောက်​၍​ပြီး​လေ​ပြီ။-

ဗိ​မာန်​တော်၊ နန်း​တော်​နှင့်​ယေ​ရု​ရှ​လင်​မြို့​ရှိ အ​ရေး​ပါ​အ​ရာ​ရောက်​သူ​အ​ပေါင်း​တို့​၏​နေ အိမ်​များ​ကို​မီး​ရှို့​လေ​သည်။-

သူ​သည်​ဗိ​မာန်​တော်​နှင့်​မြို့​တော်​ကို​မီး​ရှို့ လျက်​ယေ​ရု​ရှ​လင်​မြို့​ရိုး​တို့​ကို​ဖြို​ဖျက်​၍ နန်း​တော်​အ​ဆောက်​အ​အုံ​များ​ကို​အ​ဖိုး တန်​ပစ္စည်း​များ​နှင့်​အ​တူ​မီး​ရှို့​ဖျက်​ဆီး တော်​မူ​၏။-

ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​နှင့်​ပြု​တော်​မူ​ခဲ့​သော ပ​ဋိ​ညာဉ်​တော်​ကို​လည်း​ပယ်​ဖျက်​တော်​မူ​ပါ​ပြီ။ သူ​၏​သ​ရ​ဖူ​ကို​မြေ​သို့​ချ​တော်​မူ​ပါ​ပြီ။

ယဇ်​ပူ​ဇော်​ရန်​အ​တွက်​မြေ​ဖြင့်​ပလ္လင်​တည်​ရ​မည်။ ထို​ယဇ်​ပလ္လင်​ပေါ်​တွင်​သင်​တို့​၏​သိုး၊ နွား၊ ဆိတ်​ယဇ် ကောင်​လုံး​ကို​သော်​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ ယဇ်​ကို​သော်​လည်း​ကောင်း မီး​ရှို့​ပူ​ဇော်​ရ​မည်။ ငါ့ အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​သတ်​မှတ်​ထား​သော အ​ရပ်​ခပ်​သိမ်း​သို့ ငါ​ကြွ​လာ​၍​သင်​တို့​ကို ကောင်း​ချီး​ပေး​မည်။-

ကျွန်​တော်​မျိုး​တို့​၏​ဗိ​မာန်​တော်၊ ကိုယ်​တော် ရှင်​အား​ကျွန်​တော်​မျိုး​တို့​ဘိုး​ဘေး​များ ထော​မ​နာ​ပြု​ရာ မြင့်​မြတ်​တင့်​တယ်​သန့်​ရှင်း သည့်​ဌာ​န​တော်​သည်​မီး​သင့်​လောင်​၍​သွား ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​ချစ်​မြတ်​နိုး​သည့် အ​ဆောက်​အ​ဦ​မှန်​သ​မျှ​သည်​လည်း ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​ပါ​၏။-

သူ​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​ကို​လည်း ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​ရေး​ပါ​အ​ရာ ရောက်​သူ​လူ​အ​ပေါင်း​တို့​၏​နေ​အိမ်​များ​ကို လည်း​ကောင်း​မီး​ရှို့​ပစ်​လေ​သည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ ယု​ဒ​ရွာ​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​တော်​မူ​၍ ယု​ဒ​ပြည်​ကို​ကာ​ကွယ်​သည့်​ခံ​တပ်​များ​ကို ဖြို​ချ​တော်​မူ​၏။ ကိုယ်​တော်​သည်​နိုင်​ငံ​နှင့်​အုပ်​စိုး​သူ​မင်း​များ​ကို အ​သ​ရေ​ပျက်​စေ​တော်​မူ​၏။

ကိုယ်​တော်​အား​ငါ​တို့​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဗိ​မာန်​တော်​ကို​အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ချိုး​ဖျက် တော်​မူ​ပြီ။ ကိုယ်​တော်​ရှင်​သည်​ဋ္ဌမ္မ​ပွဲ​တော်​နေ့​များ​နှင့် ဥ​ပုသ်​နေ့​များ​ကို​အ​ဆုံး​သတ်​စေ​တော်​မူ​ပြီ။ ရှင်​ဘု​ရင်​နှင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​အ​တူ​တူ​ပင် အ​မျက်​တော်​အ​ရှိန်​ကို​ခံ​ရ​ကြ​ပါ​၏။

ကိုယ်​တော်​သည်​မိ​မိ​၏​အ​မိန့်​တော်​ကို အ​သင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရန် ငါ့​ကို​စေ​ခိုင်း​တော်​မူ​၏။ သင်​တို့​သည်​ဗိ​မာန် တော်​ခိုင်​ခံ့​မှု​ကို​ဂုဏ်​ယူ​ဝါ​ကြွား​ကြ​၏။ ဗိ​မာန် တော်​ကို​ကြည့်​ရှု​လို​ကြ​၏။ ဗိ​မာန်​တော်​သို့ သွား​ရောက်​လို​ကြ​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ ဘု​ရား​သည်​ထို​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ တော်​မူ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​တွင်​ကျန် ရစ်​ခဲ့​သော​သင်​တို့​၏​အိမ်​ထောင်​စု​သား​လူ ငယ်​များ​သည်​လည်း​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ လိမ့်​မည်။-

ငါ​သည်​အ​ဆိုး​ညစ်​ဆုံး​သော​လူ​မျိုး​တို့​အား ဤ​အ​ရပ်​သို့​ခေါ်​ဆောင်​၍ သင်​တို့​၏​နေ​အိမ် များ​ကို​သိမ်း​ယူ​စေ​မည်။ ထို​သူ​တို့​အား​သင် တို့​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ညစ် ညမ်း​စေ​ရန် ငါ​အ​ခွင့်​ပေး​သော​အ​ခါ​ခွန် အား​ကြီး​သူ​တို့​သည်​အား​လျော့​စိတ်​ပျက် ကြ​လိမ့်​မည်။-

သင်​တို့​၏​မြို့​များ​ကို​ဖြို​ဖျက်​၍ သင်​တို့​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဌာန​များ​ကို​ပျက်​စီး​စေ​မည်။ သင် တို့​၏​ယဇ်​ပူ​ဇော်​ခြင်း​ကို​ငါ​လက်​မ​ခံ။-

မင်း​ကြီး​သည်​လွန်​စွာ​အ​မျက်​ထွက်​၍​စစ်​သား များ​ကို​စေ​လွှတ်​ပြီး​လျှင်​ထို​လူ​သတ်​သ​မား တို့​ကို​သုတ်​သင်​စေ​၏။ သူ​တို့​၏​မြို့​ကို​လည်း မီး​ရှို့​စေ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​နွယ်​များ နေ​ထိုင်​ရာ​နယ်​မြေ​မှ ရှေ့​တော်​သို့​လူ​တို့​လာ ရောက်​ကိုး​ကွယ်​ဝတ်​ပြု​နိုင်​သော​ဌာ​န​တစ်​ခု ကို​ရွေး​ချယ်​ပေး​တော်​မူ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ