Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 73:22

Common Language Bible

တိရစ္ဆာန်​ကဲ့​သို့​မိုက်​မဲ​သ​ဖြင့်​ကိုယ်​တော်​ရှင်​၏ ရှေ့​တော်​၌​အ​သိ​ပညာ​မ​ရှိ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သင်သည်ငါတို့ကို တိရစ္ဆာန်ကဲ့သို့ အဘယ်ကြောင့် မှတ်သနည်း။ အဘယ်ကြောင့် မထီမဲ့မြင်ပြု သနည်း။

သင်​သည်​ဇက်​နှင့်​ဇက်​ကြိုး​ဖြင့်​ထိန်း​ရ​သော မြင်း​သို့​မ​ဟုတ်​လား​ကဲ့​သို့​ဉာဏ်​မ​တုံး​နှင့်'' ဟု မိန့်​တော်​မူ​၏။

ပ​ညာ​ရှိ​တို့​သည်​လည်း​ကောင်း၊မိုက်​မဲ​၍ အ​သိ​ဉာဏ်​တုံး​သူ​တို့​သည်​လည်း​ကောင်း သေ​ခြင်း​တ​ရား​ကို​မ​လွန်​ဆန်​နိုင်​ကြောင်း​ကို မည်​သူ​မ​ဆို​တွေ့​မြင်​နိုင်​ပေ​သည်။ သူ​တို့​အား​လုံး​ပင်​မိ​မိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို သား​မြေး​များ​အ​တွက်​ထား​ခဲ့​ရ​ကြ​၏။

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​ကို​ကိုယ်​တော် ထံ​တော်​မှ ဖုံး​ကွယ်​၍​မ​ရ​ပါ။ ကျွန်​တော်​မျိုး​အ​ဘယ်​မျှ​မိုက်​မဲ​သည်​ကို ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။

လူ​မိုက်​တို့​မ​သိ​နိုင်​သော​အ​ရာ၊အ​သိ​ဉာဏ်​တုံး သူ​တို့ နား​မ​လည်​နိုင်​သော​အ​ရာ​တစ်​ခု​ရှိ​ပါ​၏။

ထို​အ​ရာ​ကား၊သူ​ယုတ်​မာ​တို့​သည်​ပေါင်း​ပင်​များ သ​ဖွယ် ကြီး​ပွား​တိုး​တက်​၍ မ​ကောင်း​မှု​ပြု​သူ​တို့​သည်​ကောင်း​စား​ကြ​သော်​လည်း ထို​သူ​တို့​သည်​လုံး​ဝ​သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို ခံ​ကြ​ရ​မည်​ဖြစ်​၏။

အကယ်စင်စစ် ငါသည် လူမဟုတ်၊ တိရစ္ဆာန် ဖြစ်၏။ လူဥာဏ်နှင့် မပြည့်စုံ။

လူသားတို့နေရာကို ရည်မှတ်၍ ငါအောက်မေ့ သည်ကား၊ လူတို့ကို ဘုရားသခင် စုံစမ်းတော်မူမည် အကြောင်းနှင့်၊ သူတို့သည် တိရစ္ဆာန်ကဲ့သို့ဖြစ်သည်ကို သူတို့သိမြင်မည်အကြောင်း၊ နေရာကျသတည်း၊

ကျွဲ​နွား​များ​သည်​မိ​မိ​တို့​ပိုင်​ရှင်​ကို​သိ​ကြ​၏။ မြင်း​များ​သည်​လည်း​မိ​မိ​တို့​သ​ခင်​၏​မြင်း​စောင်း၊ မိ​မိ​တို့​သ​ခင်​အ​စာ​ကျွေး​ရာ​အ​ရပ်​တို့​ကို​သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား ထို​မျှ​ပင်​မ​သိ​ကြ။ သူ​တို့​သည်​အ​သိ​ပ​ညာ​ခေါင်း​ပါး​ကြ​ပါ​သည်​တ​ကား'' ဟု​မိန့်​တော်​မူ​ပါ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ