ထိုကြောင့်ဘုရားသခင်၏လူစုတော်ပင်လျှင် သူတို့ဘက်သို့ပါလျက်သူတို့ပြောသမျှသော စကားကိုယုံကြလေသည်။
ထာဝရဘုရားသည်အမျက်တော်တည်းဟူသော အလွန်ပြင်းသည့်စပျစ်ရည်ထည့်ထားသော ခွက်ဖလားကိုလက်တော်တွင်ကိုင်ထားတော်မူ၏။ ထိုစပျစ်ရည်ကိုကိုယ်တော်လောင်းချ တော်မူသောအခါ သူယုတ်မာအပေါင်းတို့သည်သောက်ကြကုန်၏။ သူတို့သည်တစ်စက်မျှမကျန်အောင်သောက် ကြကုန်၏။