ဆာလံ 71:23Common Language Bibleကိုယ်တော်ရှင်အတွက်စောင်းကိုတီးစဉ် ကျွန်တော်မျိုးသည်ဝမ်းမြောက်စွာ သီချင်းဆိုပါမည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တော်မူသည်ဖြစ်၍ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ သီချင်းဆိုပါမည်။ အခန်းကိုကြည့်ပါ။ |
``ကိုယ်တော်ရှင်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကိုပြောဆိုသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့မှလူတို့ကို ဘုရားသခင်အဖို့ဝယ်ယူတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤစာလိပ်တော် ကို ယူ၍ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။