Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 70:4

Common Language Bible

ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ချဉ်း​ကပ်​သူ အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ စေ​သော။ ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော် အ​တွက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​သူ​အ​ပေါင်း​တို့ သည် ``ဘု​ရား​သ​ခင်​သည်​အ​လွန်​ကြီး​မြတ်​တော်​မူ ပါ​ပေ​သည်'' ဟု​အ​စဉ်​မ​ပြတ်​ချီး​ကူး ကြ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့် ရ​စေ​လို​သော သူ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​ဖြင့် ``ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၏။ ကိုယ်​တော်​၏​အ​စေ​ခံ​ကောင်း​စား​သည်​ကို အား​ရ​နှစ်​သက်​တော်​မူ​၏'' ဟု​အ​ဖန်​တ​လဲ​လဲ ကြွေး​ကြော်​ကြ​ပါ​စေ​သော။

ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​သူ အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​အ​တွက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​သူ​အ​ပေါင်း​တို့ သည် ``ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွန်​ကြီး​မြတ်​တော်​မူ ပါ​ပေ​သည်'' ဟု အ​စဉ်​မ​ပြတ်​ချီး​ကူး​နိုင်​ကြ​ပါ​စေ​သော။

သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​ထံ​တော်​တွင်​လုံ​ခြုံ​စွာ ခို​လှုံ​ကြ​သော​သူ​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ရ​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ဝမ်း​မြောက်​သ​ဖြင့်​အ​စဉ် သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​အား​ချစ်​သူ​တို့​ကို ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​ကြောင့်​သူ​တို့​သည်​အ​ကယ်​ပင် ဝမ်း​မြောက်​ရ​ကြ​ပါ​၏။

အို သူ​တော်​ကောင်း​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော် ကြောင့် ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား ပြု​တော်​မူ​ခဲ့​သည့် အ​မှု​တော်​ကို​အောက်​မေ့​သ​တိ​ရ​လျက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။

ယေ​ရု​ရှ​လင်​မြို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု တော်​မူ​သော အ​မှု​တော်​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ရ​လိမ့်​မည်။ သူ​သည်​မ​င်္ဂ​လာ​ဆောင်​ပွဲ​အ​တွက်​ဝတ်​စား တန်​ဆာ​ဆင်​ထား​သည့်​သ​တို့​သ​မီး​နှင့်​တူ​၏။ ဘု​ရား​သ​ခင်​သည်​သူ့​ကို​ကယ်​တင်​ခြင်း​နှင့် အောင်​မြင်​ခြင်း တို့​ဖြင့်​တန်​ဆာ​ဆင်​ပေး​တော်​မူ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ယုံ​ကြည်​ကိုး​စား သူ​မှန်​သ​မျှ​ကို​ကျေး​ဇူး​ပြု​တော်​မူ​တတ်​၏။

ဧ​ကန်​အ​မှန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့​သည်​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။ လော​က​သား​တို့​မူ​ကား​ဝမ်း​မြောက်​ကြ​လိမ့် မည်။ သင်​တို့​သည်​ဝမ်း​နည်း​ကြ​သော်​လည်း​ထို ဝမ်း​နည်း​ခြင်း​သည် ဝမ်း​မြောက်​ခြင်း​အ​ဖြစ် သို့​ပြောင်း​လဲ​သွား​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ