ဆာလံ 69:6Common Language Bibleအနန္တတန်ခိုးရှင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားယုံကြည်ကိုးစားသူတို့သည် ကျွန်တော်မျိုး၏အတွက်ကြောင့်အရှက်မကွဲ ကြရပါစေနှင့်။ အို ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ ကိုယ်တော်ရှင်အားဝတ်ပြုကိုးကွယ်သူတို့သည် ကျွန်တော်မျိုး၏အတွက်ကြောင့် ဂုဏ်အသရေမပျက်ရကြပါစေနှင့်။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်များသည်သခင်သဖွယ်သင်တို့ကို စောင့်ရှောက်၍၊ မိဖုရားများသည်လည်းမိခင်သဖွယ် ကျွေးမွေးပြုစုကြလိမ့်မည်။ သူတို့သည်ဦးညွှတ်ပျပ်ဝပ်လျက် သင့်အားအလေးပြုကြလိမ့်မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါကူမတော်မူမည်ကိုစောင့်မျှော်သူမှန် သမျှသည် စိတ်ပျက်ရလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။