Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 69:16

Common Language Bible

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကောင်း​မြတ်​သည်​ဖြစ်​၍​ကျွန်​တော်​မျိုး​၏ ပန်​ကြား​ခြင်း​ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​သ​နား​ကြင်​နာ တော်​မူ​တတ်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား​လှည့်​၍​ကြည့်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​သူ​တို့​၏​အ​ကျိုး​ကို​ထောက်​၍ ပ​ဋိ​ညာဉ်​တော်​ကို​သ​တိ​ရ​တော်​မူ​၏။ မေတ္တာ​တော်​သည်​ကြီး​မား​တော်​မူ​သည် ဖြစ်​၍ အ​မျက်​ပြေ​တော်​မူ​၏။

သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​အား​ကယ်​ဆယ်​တော်​မူ​ပါ။

သေ​မင်း​၏​နှောင်​ကြိုး​တို့​သည်​ငါ့​ကို​ရစ်​ပတ် ပါ​၏။ သင်္ချိုင်း​တွင်း​သည်​ငါ့​ကို​ဖမ်း​ရန်​ကျော့​ကွင်း ထောင်​ထား​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​တစ်​ကိုယ်​တည်း​ကျန်​ရစ်​လျက် အား​အင်​ချိ​နဲ့​၍​နေ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​ဘက်​သို့​လှည့်​တော်​မူ​၍ က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​ပါ။

ကျွန်​တော်​မျိုး​မူ​ကား​မှန်​ရာ​ကို​ပြု​ကျင့်​ပါ​၏။ ကျွန်​တော်​မျိုး​အား​က​ရု​ဏာ​ထား​တော်​မူ​၍ ကယ်​တော်​မူ​ပါ။

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် လွန်​စွာ​မြတ်​နိုး​ဖွယ်​ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​၏​အ​တောင် တော်​ရိပ် အောက်​တွင်​ဘေး​မဲ့​လုံ​ခြုံ​ခွင့်​ရ​ရှိ​ကြ​ပါ​၏။

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်​အ​ညီ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ လွန်​စွာ​သ​နား​ကြင်​နာ​တော်​မူ​တတ်​သည် နှင့်​အ​ညီ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပါ။

ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် အ​သက်​ထက်​ကောင်း​မြတ်​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။

သို့​ရာ​တွင်​ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​မ​ဟာ​မေတ္တာ​တော်​ကို ထောက်​၍​လည်း​ကောင်း၊ ကယ်​တော်​မူ​မည်​ဟု​ကိုယ်​တော်​ရှင်​ထား​တော်​မူ​သည့် က​တိ​တော်​ကို​ထောက်​၍​လည်း​ကောင်း တောင်း​လျှောက်​ထား​ချက်​ကို​နား​ညောင်း​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ အ​လို​တော်​ရှိ​ချိန်​၌​ကျွန်​တော်​မျိုး​၏ ဆု​တောင်း​ပတ္ထနာ​ကို​ဖြေ​ကြား​တော်​မူ​ပါ။

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပျက်​ကွက်​ခြင်း မ​ရှိ​သော မေတ္တာ​တော်​အ​ကြောင်း​ကို​ဖော်​ပြ​မည်။ ငါ​တို့​အ​ဖို့​ပြု​တော်​မူ​ခဲ့​သော​အ​မှု​တော် အ​ပေါင်း အ​တွက်​ကိုယ်​တော်​အား​ထော​မ​နာ​ပြု​မည်။ ကိုယ်​တော်​သည်​မိ​မိ​၏​မေတ္တာ က​ရု​ဏာ​တော်​ကို​ထောက်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကောင်း​ချီး မင်္ဂ​လာ ကြွယ်​ဝ​စွာ​ချ​ပေး​တော်​မူ​ပြီ။

ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​သ​နား ကြင်​နာ​တော်​မူ​ဦး​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ​ကို​နင်း​ချေ​၍ ပင်​လယ်​အောက်​သို့​ပစ်​ချ​တော်​မူ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ