ဆာလံ 68:28Common Language Bibleအို ဘုရားသခင်၊ ရှင်ဘုရင်များကိုယ်တော်ထံလက်ဆောင်များ ဆက်သရာယေရုရှင်လင်မြို့ရှိဗိမာန်တော်မှ ကျွန်တော်မျိုးတို့အတွက်အသုံးပြုတော်မူ ခဲ့သော တန်ခိုးတော်ကိုပြတော်မူပါ။ အခန်းကိုကြည့်ပါ။ |
ဤအကြောင်းကြောင့်ငါတို့သည်သင်တို့ အတွက်အစဉ်အမြဲဆုတောင်းပတ္ထနာ ပြုကြ၏။ သင်တို့သည်ရွေးကောက်တော်မူ ခြင်းကျေးဇူးတော်နှင့်အညီပြုမူကျင့် ကြံနိုင်ကြစေရန် ငါတို့၏ဘုရားသခင် အားငါတို့တောင်းလျှောက်ကြ၏။ ကိုယ်တော် သည်တန်ခိုးတော်အားဖြင့်သင်တို့၏ကောင်း မြတ်သည့်လိုအင်ဆန္ဒရှိသမျှကိုပြည့်ဝ စေတော်မူ၍ သင်တို့၏ယုံကြည်ခြင်းအရ ပြုသမျှသောအမှုတို့ကိုပြီးမြောက် ခွင့်ပေးတော်မူပါစေသော။-
ရှောလုက``အကျွန်ုပ်သည် ဗင်္ယာမိန်အနွယ်ဝင် ဖြစ်ပါ၏။ ထိုသားချင်းစုသည်ဣသရေလ အမျိုးတွင်အသေးငယ်ဆုံးဖြစ်ပါ၏။ အ ကျွန်ုပ်၏အိမ်ထောင်စုသည်လည်း ထိုသားချင်း စုတွင်အသိမ်ငယ်ဆုံးဖြစ်ပါ၏။ သို့ဖြစ်၍ အရှင်သည်အဘယ်ကြောင့်အကျွန်ုပ်အား ဤသို့မိန့်တော်မူပါသနည်း'' ဟုလျှောက်၏။