Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 68:11

Common Language Bible

ဘု​ရား​ရှင်​အ​မိန့်​တော်​ရှိ​၍​အ​မျိုး​သ​မီး အ​မြောက်​အ​မြား​သည် ``ရှင်​ဘု​ရင်​များ​နှင့်​သူ​တို့​၏​စစ်​သည်​ဗိုလ်​ခြေ တို့​သည် ဆုတ်​ပြေး​ကြ​လေ​ပြီ'' ဟု​သ​တင်း​လွှင့်​ကြ​၏။ အ​မျိုး​သ​မီး​တို့​သည်​မိ​မိ​တို့​အိမ်​များ​တွင် လက်​ရ​ပစ္စည်း​များ​ကို​ခွဲ​ဝေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​၏​ဘု​ရား​အား​ထော​မ​နာ​ပြု​ရာ သီ​ချင်း​သစ်​ကို​ဆို​ရန်​ကိုယ်​တော်​သည်​ငါ့​အား သင်​ကြား​ပေး​တော်​မူ​၏။ ယင်း​သို့​ပြု​တော်​မူ​သည်​ကို​မြင်​ကြ​ရ​သူ တို့​သည် ကြောက်​ရွံ့​ရို​သေ​ကြ​ကုန်​လျက် ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​ကြ​လိမ့်​မည်။

သီ​ချင်း​သီ​ဆို​သူ​များ​သည်​ရှေ့​မှ​လိုက်​၍ တူ​ရိ​ယာ​တီး​မှုတ်​သူ​များ​က​နောက်​မှ​လိုက် ကြ​ပါ​၏။ ပတ်​သာ​တီး​မှုတ်​သူ​အ​မျိုး​သ​မီး​ငယ်​များ​က​မူ အ​လယ်​မှ​လိုက်​ပါ​ကြ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အ​ဘယ် ကြောင့်​သင်​တို့​ဟစ်​အော်​နေ​ကြ​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ရှေ့​သို့ ချီ​တက်​စေ​လော့။-

အာ​ရုန်​၏​အစ်​မ​ဖြစ်​သူ​ပ​ရော​ဖက်​မ​မိ​ရိ​အံ သည် ပတ်​သာ​ဗုံ​ကို​ကိုင်​၍​တီး​လေ​၏။ အ​ခြား အ​မျိုး​သ​မီး​အ​ပေါင်း​တို့​က​လည်း​ပတ်​သာ ဗုံ​ကို​တီး​၍ သူ​၏​နောက်​မှ​က​လျက်​လိုက် ကြ​၏။-

လူ​သား​တို့​အား​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး တော်​မူ​သော​အ​ရှင်​သည်​လည်း ကိုယ်​တော်​ပင်​ဖြစ် ပေ​သည်။ ကိုယ်​တော်​သည်​လူ​အ​ချို့​တို့​ကို​တ​မန် တော်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​ပ​ရော ဖက်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​ဧ​ဝံ ဂေ​လိ​တ​ရား​ဟော​ဆ​ရာ​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​သင်း​အုပ်​ဆ​ရာ​နှင့်​ဋ္ဌမ္မ​ပညာ​ဆ​ရာ အ​ရာ​၌​လည်း​ကောင်း​ခန့်​ထား​တော်​မူ​၏။-

ထို​အ​ရှင်​သည်​သွေး​တွင်​နှစ်​သည့်​အ​ဝတ်​ကို ဝတ်​ဆင်​ထား​၏။ သူ​၏​နာ​မ​တော်​မှာ``ဘု​ရား သ​ခင်​၏​နှုတ်​က​ပတ်​တော်'' ဟူ​၍​ဖြစ်​၏။-

တစ်​နေ့​သ​၌​သူ​သည်​န​ဿ​လိ​နယ်​မြေ၊ ကေ ဒေ​ရှ​မြို့​မှ​အ​ဘိ​နောင်​၏​သား​ဗာ​ရက်​ကို ခေါ်​ပြီး​လျှင်``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​သည်​န​ဿ​လိ အ​နွယ်​နှင့် ဇာ​ဗု​လုန်​အ​နွယ်​မှ​လူ​ပေါင်း​တစ် သောင်း​ကို​ခေါ်​ယူ​ကာ​တာ​ဗော်​တောင်​သို့ သွား​ရ​မည်။-

ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​ကို​သတ်​ပြီး​နောက် စစ် သည်​တပ်​သား​များ​နှင့်​အ​တူ​အိမ်​ပြန်​လာ ရာ ရောက်​ရှိ​လေ​ရာ​မြို့​များ​မှ​အ​မျိုး​သ​မီး တို့​သည်​ရှော​လု​အား​ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။ လူ​တို့​သည်​ဝမ်း​မြောက်​စွာ​သီ​ချင်း​များ​ဆို ၍​က​ခုန်​လျက်​ပတ်​သာ​များ​နှင့်​စောင်း​ငယ် များ​ကို​တီး​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ