Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 66:8

Common Language Bible

လူ​မျိုး​အ​ပေါင်း​တို့၊ငါ​တို့​၏​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ သင်​တို့​၏​ထော​မ​နာ​သံ​ကို​ကြား​ပါ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

လူ​မျိုး​အ​ပေါင်း​တို့၊ရွှင်​လန်း​စွာ​လက်​ခုပ်​တီး ကြ​လော့။ အ​သံ​ကျယ်​စွာ​သီ​ချင်း​ဆို​၍​ထာ​ဝ​ရ​ဘု​ရား အား ထော​မ​နာ​ပြု​ကြ​လော့။

ဘုန်း​အ​သ​ရေ​ရှိ​တော်​မူ​သော​နာ​မ​တော် အ​ကြောင်း​ကို သီ​ချင်း​ဆို​ကြ​လော့။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။

ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့၊ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ သီ​ချင်း​များ​ကို​ဆို​၍​ဝမ်း​မြောက်​စွာ​ကြွေး ကြော်​လျက် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။

ဝမ်း​မြောက်​ရွှင်​မြူး​သံ​များ​နှင့်​မင်္ဂ​လာ​ဆောင် သ​တို့​သား​သ​တို့​သ​မီး​တို့​၏​အ​သံ​များ ကို နောက်​တစ်​ဖန်​သင်​တို့​ကြား​ရ​ကြ​လိမ့်​မည်။ လူ​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရန်​ပူ​ဇော် သကာ​များ​ကို ငါ​၏​ဗိ​မာန်​တော်​သို့​ယူ​ဆောင် ကာ​သီ​ချင်း​အေး​ကူး​ကြ​သည့်​အ​သံ​များ ကို​သင်​တို့​ကြား​ရ​ကြ​လိမ့်​မည်။ သူ​တို့​က၊ `အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကောင်း​မြတ်​တော်​မူ​၍၊ မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​သော​ကြောင့် ဖြစ်​၏' ဟု​မြွက်​ဆို​ကြ​လိမ့်​မည်။ ငါ​သည်​ဤ​ပြည်​ကို​ရှေး​က​နည်း​တူ​ပြန်​လည် ကောင်း​စား​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

``တိုင်း​နိုင်​ငံ​တို့၊ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ကို ချီး​ကူး​ကြ​လော့။ ကိုယ်​တော်​သည်​မိ​မိ​လူ​မျိုး​တော်​ကို​သတ်​သူ ရှိ​သ​မျှ​တို့​အား​ဒဏ်​ခတ်​တော်​မူ​မည်။ ကိုယ်​တော်​၏​ရန်​သူ​တို့​ကို​လက်​စား​ချေ​မည်။ မိ​မိ​လူ​မျိုး​တော်​၏​အ​ပြစ်​များ​ကို​လွှတ်​တော် မူ​မည်။''

ထို​နောက်​ကောင်း​ကင်​ပ​ရိ​သတ်​ကြီး​မှ ထွက် ပေါ်​လာ​သော​အ​သံ​နှင့်​တူ​သည့်​အ​သံ​ကို​ငါ ကြား​ရ​၏။ ထို​သူ​တို့​က``ဘု​ရား​သ​ခင်​၏​ဂုဏ် တော်​ကို​ချီး​မွမ်း​ကြ​လော့။ ငါ​တို့​ဘု​ရား​သ​ခင် သည်​ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ ဘုန်း​အ​သ ရေ​တော်၊ တန်​ခိုး​တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ