ဘုရားသခင်ပြုတော်မူသောအမှုအရာများ၊ လူတို့တွင်ကိုယ်တော်ပြုတော်မူသောအံ့သြ ဖွယ်ရာ အမှုများကိုလာ၍ကြည့်ကြလော့။
ထိုပြည်တွင်ကိုယ်တော်ပြုတော်မူသော အမှုတော်တို့သည် အံ့သြဖွယ်ကောင်းလှပါသည်တကား။ ပင်လယ်အနီးတွင်ပြုတော်မူသောအမှု တော်တို့သည် အံ့ဖွယ်သူရဲဖြစ်လှပါသည်တကား။
ထာဝရဘုရားပြုတော်မူသောအမှုအရာ တို့သည် အံ့သြဖွယ်ကောင်းလှပါသည်တကား။ ထိုအမှုအရာများကိုနှစ်သက်သူအပေါင်း တို့သည် ယင်းတို့ကိုလေ့လာတတ်ကြ၏။
လာကြ၊ထာဝရဘုရားပြုတော်မူသော အမှုတော်တို့ကိုကြည့်ကြလော့။ ကမ္ဘာမြေပေါ်တွင်ပြုတော်မူသောအံ့သြဖွယ် အမှုအရာများကိုကြည့်ကြလော့။
ကိုယ်တော်သည်ကမ္ဘာတစ်ဝန်းလုံးတွင် တိုက်ခိုက်မှုများကိုငြိမ်းစေတော်မူ၏။ လေးတို့ကိုချိုး၍လှံတို့ကိုအပိုင်းပိုင်းဖြတ်ကာ ဒိုင်းတို့ကိုမီးရှို့တော်မူ၏။
ကိုယ်တော်သည်ငါတို့အားလူမျိုးတကာတို့ကို အနိုင်ရစေ၍ တိုင်းနိုင်ငံတို့ကိုအုပ်စိုးစေတော်မူ၏။
ဘုရားသခင်အားကြောက်ရွံ့ရိုသေသူအပေါင်းတို့၊ လာ၍နားထောင်ကြလော့။ ကိုယ်တော်သည်ငါ့အတွက်အဘယ်သို့ ကျေးဇူးပြုတော်မူကြောင်းကိုငါပြောမည်။
``ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် အလွန်အံ့သြဖွယ်ကောင်းလှပါသည်တကား။ ကိုယ်တော်ရှင်၏တန်ခိုးတော်သည် ကြီးမားလှသည်ဖြစ်၍ရန်သူတို့သည်ရှေ့တော်တွင် ကြောက်ရွံ့ဝပ်တွားကြပါ၏။
လူအပေါင်းတို့သည်ကိုယ်တော်၏ ကြီးမြတ်ကြောက်ရွံ့ဖွယ်ကောင်းသောနာမ တော်ကို ထောမနာပြုကြလိမ့်မည်။ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော်မူ၏။
ဘီးခွေတို့သည်မျက်စိများဖြင့်ပြည့်နှက်လျက်ရှိ၍ မြင့်မားလျက်စိုးရိမ်ထိတ်လန့်ဖွယ်ကောင်း၏။-
မှော်အတတ်၊စုန်းအတတ်တို့၏အကူအညီဖြင့် ဣသရေလအမျိုးသားတို့ကို၊ အဘယ်သူမျှမတိုက်ခိုက်နိုင်။ ဘုရားသခင်သည်ဣသရေလအမျိုးသား တို့အား ကျေးဇူးပြုတော်မူပုံမှာ အံ့သြဘွယ်ဟူ၍ဆိုစမှတ်ပြုကြလိမ့်မည်။