ကူမတော်မူရန်ကိုယ်တော်၏ထံတော်သို့ ငါအော်ဟစ်ခဲ့ပြီ။ ကိုယ်တော်အားသီချင်းများဖြင့်ထောမနာပြုခဲ့ပြီ။
ထာဝရဘုရားငါ့အားပြုတော်မူသော ကျေးဇူးများအတွက်ငါသည်ကိုယ်တော်အား အဘယ်အရာကိုပူဇော်ရပါမည်နည်း။
ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုး၏ဘုရင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ကြီးမြတ်တော်မူပုံကိုထုတ်ဖော်ကြေညာပါမည်။ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုကာလအစဉ် အဆက် ချီးမွမ်းပါမည်။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို ကယ်တော်မူသောကြောင့်လည်းကောင်း၊ ကျွန်တော်မျိုး၏ဝေဒနာကြောင့် ရန်သူတို့အားနှစ်ထောင်းအားရခွင့်ကို ပေးတော်မမူသောကြောင့်လည်းကောင်း ကိုယ်တော်ရှင်အားကျွန်တော်မျိုးထောမနာ ပြုပါ၏။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်သို့ ဟစ်ခေါ်လျက်
``ကျွန်တော်မျိုးသေရခြင်းဖြင့်အဘယ်အကျိုး ရှိပါမည်နည်း။ သင်္ချိုင်းတွင်းသို့ရောက်ရခြင်းဖြင့်အဘယ်အကျိုး ဖြစ်ထွန်းပါမည်နည်း။ သူသေတို့သည်ကိုယ်တော်ရှင်အားထောမနာ ပြုနိုင်ပါသလော။ သူတို့သည်ကိုယ်တော်ရှင်၏သစ္စာတော်ကို ဖော်ပြကြေညာနိုင်ကြပါသလော။
ခိုကိုးရာမဲ့သူတို့သည်ကိုယ်တော်ကို ခေါ်ကြသောအခါ ကိုယ်တော်ထူးတော်မူ၍သူတို့အား ဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။