ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားမှီတွယ် ပါ၏။ ကိုယ်တော်ရှင်၏လက်ရုံးတော်သည်လည်း ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံစွာထား တော်မူပါ၏။
သူသည်ဗိမာန်တော်အတွက်ပြုလေသမျှ သောအမှုတို့တွင်လည်းကောင်း၊ ပညတ်တော် ကိုစောင့်ထိန်းရာ၌လည်းကောင်း၊ မိမိ၏ ဘုရားသခင်အားစိတ်ရောကိုယ်ပါ ဆည်း ကပ်လျက်ပြုတော်မူသည့်အတွက်အောင် မြင်ထမြောက်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးအားကွယ်ကာ စောင့်ရှောက်၍ကယ်တော်မူပါ၏။ ကိုယ်တော်ရှင်ကြည့်ရှုပြုစုတော်မူသဖြင့် ကျွန်တော်မျိုးသည်ကြီးမြင့်လာရပါ၏။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့်ဘေးမဲ့ လုံခြုံစွာ နေရပါ၏။
ထာဝရဘုရားသည်သူတို့အား ကူမတော်မူမည်ဖြစ်၍သူတို့သည်လဲ သော်လည်း မထဘဲနေလိမ့်မည်မဟုတ်။
ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်သူဖြစ် သဖြင့် ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကူမတော်မူ၍ ကိုယ်တော်ရှင်၏ရှေ့တော်တွင်ထာဝစဉ်နေရခွင့်ကို ပေးတော်မူလိမ့်မည်။
သို့သော်လည်းကျွန်တော်မျိုးသည်ကိုယ်တော် ရှင်၏ ထံတော်ပါးတွင်အစဉ်အမြဲနေပါ၏။ ကိုယ်တော်ရှင်သည်လည်းကျွန်တော်မျိုး၏ လက်ကိုဆွဲကိုင်ထားတော်မူပါ၏။
ကျွန်တော်မျိုးမှာကိုယ်တော်ရှင်မှလွဲ၍ ကောင်းကင်ဘုံတွင်အဘယ်သူရှိပါသနည်း။ ကိုယ်တော်ရှင်ကျွန်တော်မျိုးနှင့်ရှိတော်မူလျှင် ကမ္ဘာမြေပေါ်၌အဘယ်အရာကိုလိုပါတော့ မည်နည်း။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ခြေချော်၍လဲပြီဟု ထင်ရသောအခါ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် ကျွန်တော်မျိုးအားချီပင့်ထားတော်မူပါ၏။
ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သော သတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော၌ ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင်တို့ကို ငါမှာထား၏။
မြို့ကိုလည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့ကြသော်၊ ငါ့ဝိညာဉ်ချစ်သော သူကိုမြင်ကြသလော ဟု ငါမေး၏။
ညဥ့်အခါ၌ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား စိတ်နှလုံးအကြွင်းမဲ့တသပါ၏။ ကမ္ဘာမြေကြီးနှင့်ကမ္ဘာသူကမ္ဘာသားတို့အား ကိုယ်တော်ရှင်တရားစီရင်တော်မူသောအခါ၊ တရားမျှတမှုဆိုသည်မှာအဘယ်အရာ ဖြစ်သည်ကို သူတို့သိရှိကြပါလိမ့်မည်။
မကြောက်ကြနှင့်၊ ငါသည်သင်တို့နှင့်အတူ ရှိ၏။ ငါသည်သင်တို့၏ဘုရားသခင်ဖြစ်တော် မူ၏။ အဘယ်အမှုအရာကိုမျှငါတို့အားတုန်လှုပ် ချောက်ချားမှုမဖြစ်စေနှင့်။ ငါသည်သင်တို့အားကြံ့ခိုင်စေ၍ကူမမည်။ သင်တို့ကိုကာကွယ်စောင့်ရှောက်၍ ကယ်တင်မည်။
ထာဝရဘုရားက ``ဤသူသည်ခွန်အားနှင့်ငါပြည့်ဝစေသောသူ၊ ငါ၏အစေခံ၊ငါနှစ်သက်မြတ်နိုး၍ ရွေးချယ်ထားသူဖြစ်၏။ ငါသည်မိမိ၏တန်ခိုးတော်ကိုသူ့အား အပ်နှင်းတော်မူပြီ။ သူသည်လည်းလူမျိုးတကာတို့ကို တရားမျှတစွာစီရင်အုပ်ချုပ်လိမ့်မည်။
ဗတ္တိဇံဆရာယောဟန်စတင်ဟောပြောချိန်မှ အစပြု၍ ယနေ့တိုင်အောင်ကောင်းကင်နိုင်ငံ တော်သည် အကြမ်းဖက်သမားတို့၏တိုက်ခိုက် မှုကိုခံရ၏။ အကြမ်းဖက်သမားတို့သည်ထို နိုင်ငံတော်ကိုသိမ်းယူရန်ကြိုးစားကြ၏။-
ကိုယ်တော်က ``သင်တို့သည်ကျဉ်းမြောင်းသော တံခါးပေါက်ကိုဝင်ရန်ကြိုးစားအားထုတ်ကြ လော့။ လူအများပင်ထိုတံခါးပေါက်ကိုဝင်ရန် ကြိုးစားကြလိမ့်မည်။ သို့သော်ဝင်နိုင်စွမ်းရှိကြ လိမ့်မည်မဟုတ်ဟုသင်တို့အားငါဆို၏။-
ဤတာဝန်လုပ်ငန်းကိုငါကြိုးပမ်းလုပ်ဆောင် လျက်ရှိစဉ်ခရစ်တော်သည် ငါ့အားကြီးမား သောတန်ခိုးစွမ်းရည်ကိုပေးတော်မူသည်။ ထို တန်ခိုးစွမ်းရည်သည်ငါ၏အထဲ၌လုပ် ဆောင်လျက်ရှိ၏။