ကျွန်တော်မျိုးသည်အသက်ရှင်သမျှကာလ ပတ်လုံး ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်း ပါမည်။ လက်အုပ်ချီ၍ကိုယ်တော်ရှင်၏ထံတော်သို့ ဆုတောင်းပတ္ထနာပြုပါမည်။
ငါသည်တစ်သက်လုံးသီချင်းဆို၍ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းပါမည်။ အသက်ရှင်သမျှကာလပတ်လုံးငါ၏ဘုရားအား ထောမနာသီချင်းဆိုပါမည်။
လက်အုပ်ချီ၍ဗိမာန်တော်ထဲ၌ဆုတောင်း ပတ္ထနာပြုကြလော့။ ထာဝရဘုရားအားထောမနာပြုကြလော့။
ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သောဗိမာန် တော်သို့ လက်အုပ်ချီလျက်``ကူမတော်မူပါ'' ဟု ကျွန်တော်မျိုးဟစ်အော်သောအခါ နားထောင်တော်မူပါ။