Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 61:8

Common Language Bible

သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​မိ​မိ​၏ က​တိ​သစ္စာ​ဝတ်​ကို​နေ့​စဉ်​ဖြေ​လျက် ကိုယ်​တော်​ရှင်​အား​အ​စဉ်​အ​မြဲ ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​သည်​မှာ​လည်း​ကာ​လ အ​နည်း​ငယ်​သာ​ရှိ​သေး​သ​ဖြင့် ငါ​သည်​အ​ဘယ် ကြောင့်​သင့်​အား​ငါ​နှင့်​အ​တူ​အ​ရပ်​ရပ်​သို့​လှည့် လည်​စေ​ရ​ပါ​မည်​နည်း။ ငါ​အ​ဘယ်​အ​ရပ်​သို့ သွား​ရ​မည်​ကို​ပင်​မ​သိ။ သင်​သည်​မိ​မိ​၏​အ​မျိုး သား​တို့​ကို​ခေါ်​၍​ပြန်​သွား​ပါ​လော့။ ထာ​ဝ​ရ ဘု​ရား​သည်​သင့်​အား​သစ္စာ​က​ရု​ဏာ​ထား တော်​မူ​ပါ​စေ​သော'' ဟု​မိန့်​တော်​မူ​၏။

ငါ​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​အား​ထော​မ​နာ​ပြု​မည်။ တစ်​သက်​ပတ်​လုံး​ငါ​၏​ဘု​ရား​အား​ထော​မ​နာ သီ​ချင်း​ဆို​မည်။

သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ဆိတ်​ဆိတ်​နေ​မည် မ​ဟုတ်​ပါ။ ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး တော်​ကို အ​စဉ်​အ​မြဲ​ချီး​မွမ်း​ပါ​မည်။

ရေ​တွက်​၍​မ​ရ​နိုင်​အောင်​များ​မြောင်​သော ဘေး​ဒုက္ခ​တို့​သည်​ကျွန်​တော်​မျိုး​အား​ဝိုင်း​ရံ​လျက် ရှိ​ပါ​သည်​တ​ကား။ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​က​ကျွန်​တော်​မျိုး​အား လိုက်​၍​မီ​သ​ဖြင့်​ကျွန်​တော်​မျိုး​သည် မ​မြင်​နိုင်​တော့​ပါ။ ယင်း​အ​ပြစ်​တို့​သည်​ကျွန်​တော်​မျိုး​ဦး​ခေါင်း​မှ ဆံ​ပင်​ထက်​များ​ပြား​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​စိတ်​ပျက်​အား​လျော့​ပါ​ပြီ။

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ဆု​တောင်း​ပတ္ထနာ​များ​ကို နား​ညောင်း​တော်​မူ​တတ်​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​သည်​ဇိ​အုန်​တောင်​တော် ပေါ်​တွင် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ထိုက်​ပါ​၏။ မိ​မိ​တို့​ပြု​ခဲ့​သည့်​က​တိ​သစ္စာ​ဝတ်​ကို​ဖြေ ထိုက်​ပါ​၏။ လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ အ​တွက် ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​တို့​၏​မှား​ယွင်း​ချက်​များ​သည် အ​လွန်​ပင်​များ​သော်​လည်း ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​ပါ​၏။

ကျွန်​တော်​မျိုး​သည်​အ​မှန်​ပင်​ကိုယ်​တော်​ရှင်​အား စောင်း​တီး​၍​ထော​မ​နာ​ပြု​ပါ​မည်။ အို ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​ကို​ထော​မ​နာ​ပြု​ပါ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ် တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သည့် ကိုယ်​တော်​ရှင်​အား​စောင်း​တီး​၍့​ဋ္ဌမ္မ​သီ​ချင်း များ​ဖြင့် ချီး​မွမ်း​ပါ​မည်။

ထို​အ​ခါ​သိုး​စု​တော်​တည်း​ဟူ​သော​ကိုယ်​တော်​ရှင်​၏ လူ​စု​တော်​ဖြစ်​သည့်​ကျွန်​တော်​မျိုး​တို့​သည် ကျေး​ဇူး​တော်​ကို​အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ ပါ​မည်။ သား​စဉ်​မြေး​ဆက်​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ ပါ​မည်။

ကောင်း​ကင်​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​အ​ကြောင်း​ကို​သီ​ချင်း​ဆို ကြ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ သန့်​ရှင်း​သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​ကို​သီ​ချင်း​ဆို​ကြ​ပါ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ