Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 60:6

Common Language Bible

သန့်​ရှင်း​ရာ​ဌာ​န​တော်​မှ​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည် အောင်​ပွဲ​ခံ​၍​ရှေ​ခင်​မြို့​ကို​ပိုင်း​ခြား​မည်။ သု​ကုတ်​ချိုင့်​ဝှမ်း​ကို​ငါ​၏​လူ​စု​တော်​အား ခွဲ​ဝေ​ပေး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​သည်​ထို​ပြည်​ကို​ဖြတ်​သွား​ပြီး​လျှင် ရှိ​ခင် အ​ရပ်​၌​ရှိ​သော​မော​ရေ​သပိတ်​ပင်​သို့​ရောက်​ရှိ လာ​လေ​၏။ (ထို​အ​ချိန်​က​ခါ​နာန်​အ​မျိုး​သား တို့​သည် ထို​ပြည်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​၏။-)

ယ​ခု​အ​ခါ​ကား​သင်​တို့​အ​ဖို့​အ​ခွင့်​ကောင်း​ပင် ဖြစ်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​က`ငါ​၏​လူ​မျိုး​တော် အား​ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့်​အ​ခြား​ရန်​သူ တို့​လက်​တွင်း​မှ​ငါ့​ကျွန်​ဒါ​ဝိဒ်​၏​လက်​ဖြင့် ကယ်​မည်' ဟု​မိန့်​တော်​မူ​ခဲ့​သည်​ကို​အောက်​မေ့ သ​တိ​ရ​ကြ​လော့'' ဟု​ဆို​၏။-

ကိုယ်​တော်​ရှင်​၏​က​တိ​တော်​မား​ကြောင့် ကွန်တော်​မျိုး​သည်​လွန်​စွာ​ပော်​ပါ​၏။ မား​စွာ​သော​လက်​ရ​ပစ္စည်း​တို့​ကို တေ"​ရှိ​ရ​သူ​ကဲ့​သို့​ပော်​ပါ​၏။

ကိုယ်​တော်​ရှင်​က``ငါ​သည်​သင်​၏​သား​တစ်​ဦး​ဦး​ကို ဘု​ရင်​အ​ရာ​၌​ခန့်​ထား​မည်။ သူ​သည်​သင်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ရ​လိမ့်​မည်။ အ​ကယ်​၍​သင်​၏​သား​တို့​သည်​ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကို စောင့်​ထိန်း​၍​ငါ​ပေး​သည့်​သြ​ဝါ​ဒ​များ​ကို လိုက်​နာ​ကျင့်​သုံး​ကြ​ပါ​မူ၊ သူ​၏​သား​တို့​သည်​လည်း​သင်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​ကာ​ဘု​ရင်​များ​အ​ဖြစ်​ဖြင့် အ​စဉ်​အ​မြဲ​အုပ်​စိုး​ရ​ကြ​လိမ့်​မည်'' ဟု ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ကျိန်​ဆို က​တိ​ပြု​တော်​မူ​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ယင်း​က​တိ​တော်​ကို​ပြန်​လည် ရုပ်​သိမ်း​တော်​မူ​မည်​မဟုတ်​ပါ။

ငါ​သည်​ဘု​ရား​သ​ခင်​အား​ကိုး​စား​သ​ဖြင့် အ​ဘယ်​သူ​ကို​မျှ​ကြောက်​လန့်​မည်​မ​ဟုတ်။ ကိုယ်​တော်​၏​က​တိ​တော်​အ​တွက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​မည်။ လူ​သည်​ငါ့​အား​အ​ဘယ်​သို့​ပြု​နိုင်​မည်​နည်း။

လွန်​လေ​ပြီး​သော​အ​ခါ​၌​ကိုယ်​တော်​ရှင်​သည် သစ္စာ​ရှိ​သူ​အ​စေ​ခံ​များ​အား ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်``ထင်​ရှား​ကျော်​စော​သူ စစ်​သူ​ရဲ​အား​ငါ​သည်​ကူ​မ​တော်​မူ​ပြီ။ လူ​တို့​အ​ထဲ​မှ​ရွေး​ချယ်​ထား​သူ​အား​ရာ​ဇ ပလ္လင်​ကို ငါ​အပ်​နှင်း​ပြီ။

``ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဒါ​ဝိဒ်​အား လှည့်​စား​၍ မိန့်​ဆို​မည်​မ​ဟုတ်​ဟူ​၍ သန့်​ရှင်း​မြင့်​မြတ်​သည့်​ငါ့​နာ​မ​ကို​တိုင်​တည်​၍ တစ်​ခါ​တည်း​အ​ပြီး​အ​ပိုင်​က​တိ​ပေး​ပြီ။

ပ​ရော​ဖက်​များ​နှင့်​သက်​ဆိုင်​၍​ဤ​သို့​ဆို​၏။ ငါ​၏​စိတ်​နှ​လုံး​သည်​ကြေ​ကွဲ​လျက်​ငါ​၏ အ​ရိုး​တို့​သည်​တုန်​လှုပ်​လျက်​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​အ​တွက်​ကြောင့်​လည်း ကောင်း၊ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗျာ​ဒိတ်​တော်​များ​ကြောင့်​လည်း​ကောင်း ငါ​သည်​စ​ပျစ်​ရည်​သောက်​ကြူး​၍ ယစ်​မူး​လျက်​နေ​သူ​နှင့်​တူ​တော့​၏။

အ​ထွတ်​ဘု​ရင်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ကြောင့် ဤ​သို့ လျှင်​ကတိ​သစ္စာ​ပြု​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား က``သူ​တို့​သည်​သင်​တို့​ကို​ငါး​မျှား​ချိတ် ဖြင့်​ဒ​ရွတ်​တိုက်​ဆွဲ​သွား​သော​နေ့​များ​ရောက် လိမ့်​မည်။ သင်​တို့​ရှိ​သ​မျှ​သည်​ငါး​မျှား ထိပ်​၌ အ​ချိတ်​ခံ​နေ​ရ​သော​ငါး​ကဲ့​သို့​ဖြစ် ကြ​လိမ့်​မည်။-

သင်​သည်​အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ သင်​သည်​ဤ​သူ​တို့​ကို​ခေါင်း​ဆောင်​၍​သူ​တို့ ၏​ဘိုး​ဘေး​တို့​အား ငါ​ပေး​မည်​ဟု​က​တိ ထား​သော​ပြည်​ကို​ဝင်​ရောက်​သိမ်း​ယူ​ရ မည်။-

ယော်​ဒန်​မြစ်​ဝှမ်း​တွင်​တည်​ရှိ​သော​ဗေ​သာ​ရံ မြို့၊ ဗက်​နိ​မ​ရ​မြို့၊ သု​ကုတ်​မြို့၊ ဇာ​ဖုန်​မြို့​များ နှင့်​ဟေ​ရှ​ဘုန်​မင်း​ရှိ​ဟုန်​ပိုင်​နက်​မှ​ကျန်​သော နယ်​မြေ​များ​ပါ​ဝင်​သည်။ သူ​တို့​နယ်​မြေ အ​နောက်​နယ်​နိ​မိတ်​သည်​ယော်​ဒန်​မြစ်​တစ် လျှောက်​မြောက်​ဘက်​ဂါ​လိ​လဲ​အိုင်​အ​ထိ ဖြစ်​သည်။-

မ​နာ​ရှေ​နယ်​မြေ​၏​နယ်​နိ​မိတ်​သည်​အာ​ရှာ နယ်​မြေ​မှ ရှေ​ခင်​မြို့​အ​ရှေ့​တွင်​တည်​ရှိ​သော မိတ်​မေ​သ​မြို့​အ​ထိ​ရောက်​သည်။ ထို​နောက် နယ်​နိ​မိတ်​သည်​တောင်​ဘက်​သို့​ဖြတ်​သွား ရာ​အင်​တာ​ပွာ​မြို့​တွင် နေ​ထိုင်​သူ​များ​လည်း ပါ​ဝင်​လေ​သည်။-

ထို့​ကြောင့်​သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​နောက် ဘက်​တွင်​န​ဿ​လိ​တောင်​ကုန်း​ဒေ​သ၊ ဂါ​လိ​လဲ နယ်​ရှိ​ကေ​ဒေ​ရှ​မြို့၊ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ ရှိ​ရှေ​ခင်​မြို့၊ ယု​ဒ​တောင်​ကုန်း​ဒေ​သ​ရှိ​ဟေ​ဗြုန် မြို့​တို့​ကို​ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး​ချယ် သတ်​မှတ်​ကြ​သည်။-

ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​အ​ပေါင်း တို့​ကို​ရှေ​ခင်​မြို့​တွင်​စု​ရုံး​စေ​၏။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ကြီး​အ​ကဲ​များ၊ ခေါင်း​ဆောင်​များ၊ တ​ရား​သူ​ကြီး​များ၊ အ​ရာ ရှိ​များ​ကို​ဆင့်​ခေါ်​သ​ဖြင့်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့​ရောက်​ရှိ​လာ​ကြ လေ​သည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​မှ​ယူ​ဆောင်​ခဲ့​သော​ယော​သပ်​၏​အ​ရိုး များ​ကို ရှေ​ခင်​၏​ဖ​ခင်​ဟာ​မော်​၏​သား​များ ထံ​မှ​ယာ​ကုပ်​ငွေ​တစ်​ရာ​ဖြင့်​ဝယ်​သော ရှေ​ခင် မြို့​ရှိ​မြေ​ကွက်​တွင်​မြှုပ်​နှံ​ကြ​လေ​သည်။ ဤ မြေ​ကွက်​သည်​ယော​သပ်​၏​အ​ဆက်​အ​နွယ် များ​ဆက်​ခံ​ရ​ရှိ​သော​မြေ​ကွက်​ဖြစ်​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ