Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 60:4

Common Language Bible

ကိုယ်​တော်​ရှင်​အား​ကြောက်​ရွံ့​ရို​သေ​သူ​တို့ သည် အ​ပြစ်​ဒဏ်​လွတ်​မြောက်​စေ​ရန်​သူ​တို့​အား ကိုယ်​တော်​သ​တိ​ပေး​တော်​မူ​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ကျွန်​တော်​မျိုး​တို့​သည်​အ​ရှင်​မင်း ကြီး​၏ အောင်​ပွဲ​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ ကြွေး​ကြော်​ကြ​ပါ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လျက် အ​ရှင် မင်း​ကြီး​၏​အောင်​ပွဲ​ကို​ဆင်​နွှဲ​ကြ​ပါ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​အ​ရှင်​မင်း​ကြီး​တောင်း လျှောက် သ​မျှ​ကို​ပေး​သ​နား​တော်​မူ​ပါ​စေ​သော။

သစ္စာ​တ​ရား​နှင့်​တ​ရား​မျှ​တ​မှု​စိုး​မိုး​ရေး အ​တွက် ဘုန်း​အ​သ​ရေ​တော်​နှင့်​တ​ကွ​ချီ​တက်​တိုက် ခိုက်​၍ အောင်​ပွဲ​ခံ​တော်​မူ​ပါ။ အ​ရှင်​မင်း​ကြီး​သည်​မိ​မိ​၏​စွမ်း​ရည်​အား​ဖြင့် အောင်​ပွဲ​ကြီး​များ​ကို​ခံ​ရ​ပါ​လိမ့်​မည်။

မော​ရှေ​သည်​ယဇ်​ပလ္လင်​ကို​တည်​၍``ထာ​ဝ​ရ ဘု​ရား​သည်​ငါ​၏​အ​လံ​ဖြစ်​၏'' ဟု​နာ​မည် မှည့်​လေ​၏။-

ငါသည်ချစ်ခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍၊ ငါ့ကိုစပျစ်သီးပျဉ်နှင့် အားဖြင့်ကြပါ။ ရှောက်ချိုသီးကို ကျွေး၍သက်သာ စေကြပါ။

မိ​မိ​သည်​ကွဲ​လွင့်​လျက်​နေ​သော​ဣ​သ​ရေ​လ ကို​လည်း​ကောင်း၊ ပြန့်​ကျဲ​နေ​သော​ယု​ဒ​လူ​မျိုး တို့​အား ကမ္ဘာ​မြေ​ပြင်​အ​ရပ်​လေး​မျက်​နှာ​မှ ပြန်​လည်​စု​သိမ်း​လျက်​နေ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း ဖော်​ပြ​ရန်​ထာ​ဝ​ရ​ဘု​ရား သည်​အ​ချက်​ပြ​အ​လံ​တော်​ကို​လွှင့်​ထူ တော်​မူ​လိမ့်​မည်။-

တောင်​က​တုံး​ပေါ်​တွင်​စစ်​အ​လံ​ကို​လွှင့် ထူ​ကြ​လော့။ မာန်​မာ​န​ထောင်​လွှား​သည့်​မြို့ တော်​တံ​ခါး​တို့​ကို​တိုက်​ခိုက်​ရန်​ဟစ်​အော် ကာ သင်​တို့​လက်​ကို​မြှောက်​၍ စစ်​သည်​တို့ အား​အ​ချက်​ပေး​ကြ​လော့။-

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​မိ​မိ​၏ လူ​မျိုး​တော်​အား ``ငါ​သည်​လူ​မျိုး​တ​ကာ​တို့​အား​အ​ချက် ပေး​လိုက်​သော​အ​ခါ၊ သူ​တို့​သည်​သင်​တို့​၏​သား​သ​မီး​များ​ကို ခေါ်​ဆောင်​လာ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​အ​ချက်​ပြ​၍​ရပ်​ဝေး နေ​လူ​မျိုး​ခြား​တို့​အား​ခေါ်​ယူ​တော်​မူ​လိမ့် မည်။ ကိုယ်​တော်​သည်​သူ​တို့​အား​ကမ္ဘာ​မြေ​ကြီး စွန်း​မှ​လာ​ရောက်​ကြ​ရန်​လေ​ချွန်​သံ​ဖြင့် အ​ချက်​ပေး​တော်​မူ​လိမ့်​မည်။ ထို​သူ​တို့​သည် လည်း​ဤ​အ​ရပ်​သို့​အ​လျင်​အ​မြန်​လာ ရောက်​ကြ​လိမ့်​မည်။-

အ​ရှေ့​မျက်​နှာ​မှ​သည်​အ​နောက်​မျက်​နှာ​သို့ တိုင်​အောင် လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏ နာ​မ​တော်​နှင့်​ဘုန်း​တန်​ခိုး​တော်​တို့​ကို​ကြောက် ရွံ့​လေး​စား​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​အ​ရှိန် ပြင်း​သည့်​ချောင်း​ရေ​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟုန် ကြီး​သည့်​လေ​ကဲ့​သို့​လည်း​ကောင်း​ကြွ​လာ တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ