ဆာလံ 59:13Common Language Bibleကိုယ်တော်ရှင်သည်အမျက်တော်ထွက်၍ သူတို့အား သုတ်သင်ဖျက်ဆီးပစ်တော်မူပါ။ အကုန်အစင်သုတ်သင်ဖျက်ဆီးပစ်တော်မူပါ။ ထိုအခါဘုရားသခင်သည် ဣသရေလအမျိုးသားတို့အားအုပ်စိုးလျက် နေတော်မူကြောင်းကိုလည်းကောင်း၊ ကိုယ်တော်၏အာဏာစက်သည်ကမ္ဘာတစ်ပြင်လုံး ပျံ့နှံ့လျက်ရှိတော်မူကြောင်းကိုလည်းကောင်း လူအပေါင်းတို့သိကြပါလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အို ဘုရားသခင်၊ သူတို့အားသတ်တော်မမူပါနှင့်။ သတ်လျှင်ကျွန်တော်မျိုး၏အမျိုးသားတို့သည် သတိမရဘဲမေ့သွားပါလိမ့်မည်။ ကျွန်တော်မျိုးအားကာကွယ်စောင့်ထိန်း တော်မူသောအရှင်၊ ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ထိုသူတို့ကိုကစဥ့်ကလျားဖြစ်စေတော် မူ၍ အရေးရှုံးနိမ့်စေတော်မူပါ။
သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည်၊ သင်၏ခင်ပွန်းပမာသင့်အားကြည့်ရှုစောင့်ရှောက် တော်မူလိမ့်မည်။ ထိုအရှင်၏နာမတော်ကား၊အနန္တတန်ခိုးရှင် ထာဝရဘုရားပင်ဖြစ်သတည်း။ ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ်သော ဘုရားသခင်သည်သင့်ကိုကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာလောကကို အစိုးရတော်မူပါသည်တကား။
ငါသည်ငါ၏သန့်ရှင်းမြင့်မြတ်သောနာမ တော်ကို ငါ့လူမျိုးတော်ဣသရေလအမျိုး သားတို့သိရှိကြစေရန်ငါပြုမည်။ သူတို့ သည်ထိုသန့်ရှင်းသောနာမတော်ကိုနောက် တစ်ဖန်မရှုတ်ချရ။ ထိုအခါငါထာဝရ ဘုရားသည် ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင်ဖြစ်တော်မူကြောင်းလူမျိုးတကာ တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
အရှင်သည်လူ့အသိုင်းအဝိုင်းထဲမှနှင် ထုတ်ခြင်းကိုခံရ၍ တောတိရစ္ဆာန်များနှင့် အတူနေရလိမ့်မည်။ နွားကဲ့သို့မြက်ကို စားလျက်ခုနစ်နှစ်တိုင်တိုင်ဆီးနှင်းများ ဖြင့်စိုစွတ်ကာ အမိုးအကာမရှိသည့် အရပ်တွင်အိပ်စက်ရလိမ့်မည်။ ထိုနောက် အမြင့်မြတ်ဆုံးသောဘုရားသခင်သည် လောကီနိုင်ငံများကိုအစိုးရတော်မူ၍ မိမိအလိုရှိသူမည်သူကိုမဆိုမင်း မြှောက်တော်မူနိုင်ကြောင်းကိုအရှင် ဝန်ခံပါလိမ့်မည်။-