Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 57:10

Common Language Bible

ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် မိုး​ကောင်း​ကင်​သို့​တိုင်​အောင်​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​သည်​အာ​ကာ​သ​သို့ တိုင်​အောင်​လည်း​ကောင်း​ရောက်​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ကမ္ဘာ​မြေ​ပြင်​အ​ထက်​ရှိ​မိုး​ကောင်း​ကင်​သည် မြင့်​မား​သည်​နှင့်​အ​မျှ ကိုယ်​တော်​ကို​ကြောက်​ရွံ့​သူ​တို့​အ​တွက်​ထား​ရှိ​သော မေတ္တာ​တော်​သည်​ကြီးမား​တော်​မူ​၏။

ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် မိုး​ကောင်း​ကင်​အ​ထက်​သို့​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​သည်​ကောင်း​ကင် တိုင်​အောင်​လည်း​ကောင်း​ရောက်​ရှိ​ပါ​၏။

ဘု​ရား​သ​ခင်​သည်​မိ​မိ​ခန့်​ထား​တော်​မူ​သော ဘု​ရင်​အား​အောင်​ပွဲ​ကြီး​များ​ခံ​စေ​တော်​မူ​၏။ ကိုယ်​တော်​ဘိ​သိက်​ပေး​တော်​မူ​သော​ဒါ​ဝိဒ်​မှ​စ​၍ သူ​၏​သား​မြေး​များ​အား​ခိုင်​မြဲ​သော​မေတ္တာ တော်​ကို ကာ​လ​အ​စဉ်​အ​ဆက်​ပြ​တော်​မူ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကောင်း​ကင်​သို့​တိုင်​အောင်​လည်း​ကောင်း၊ သစ္စာ​တော်​သည်​မိုး​တိမ်​အ​ထက်​သို့ တိုင်​အောင်​လည်း​ကောင်း​ရောက်​ပါ​၏။

ကျွန်​တော်​မျိုး​၏​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​တော် မူ​သော အ​ရှင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။ ကျွန်​တော်​မျိုး​ခို​လှုံ​ရာ​ကား​ကျွန်​တော်​မျိုး​ကို ချစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ပေ​တည်း။

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​တ​ရား​မျှ​တ​မှု​သည် မိုး​ကောင်း​ကင်​တိုင်​အောင်​ရောက်​ရှိ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကြီး​မြတ်​သည့်​အ​မှု​အ​ရာ​များ​ကို​ပြု​တော် မူ​ပြီ ဖြစ်​သော​ကြောင့်​တည်း။ ကိုယ်​တော်​ရှင်​နှင့်​တူ​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​ပါ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ